Chapter 67

2.8K 717 101
                                    

Fri, Sep 3, 2021

{ UNICODE }

ရန်ရိ ပြန်နိုးလာတော့၊ ဆေးရုံရောက်နေလေပြီ။

‌ဦးနှောက်တွင်း‌ဖိအား မကျဆင်းသေးသဖြင့် တစ်ကိုယ်လုံးမူးဝေပြီး၊ နားထင်တွေကိုက်ခဲကာ၊ ခေါင်းတစ်ခုလုံး နာကျင်နေလျက်၊ အသိစိတ်ပြန်ရဖို့ မိနစ်အတော်ကြာသွားသည်။

သူလက်ဆန့်ပြီး လည်ပင်းကိုစမ်းကြည့်လိုက်တော့ အသားကနဂိုအတိုင်း ရှိနေသေးသည်။ မီးထဲကထွက်လာတဲ့သူ အားလုံးနီးပါး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ကြသည်။ အများကြီးရှူမိပြီး ရောဂါလက္ခဏာပြင်းရင် အရေးပေါ်သူနာပြုက နေရာမှာပဲ လေပြွန်ခွဲရသည်။ ကြည့်ရတာ သူရောဂါသိပ်ပြင်းပုံမရ။

ကုံးရင့်ရှန်ကရော? ကုံးရင့်ရှန်ရော ဘယ်လိုနေလဲ? !

သူခေါင်းလောင်းနှိပ်လိုက်ပြီး ခဏနေတော့ သူနာပြုတစ်ယောက် ဝင်လာသည်။

" ခေါင်းဆောင်၊ မင်းနိုးပြီပဲ "

" ကျွန်တော်နဲ့ အတူပါလာတဲ့သူရော? "

ရန်ရိ စိုးရိမ်တကြီး မေးလိုက်သည်။

" သူဘယ်လိုနေလဲ? "

" အရာရှိကုံးလား၊ သူ အခြေအနေမပြင်းထန်ပါဘူး၊ အခု ကာဗွန်မိုနောက်ဆိုဒ်အဆိပ်‌ဖြေကုထုံး လုပ်နေတယ်၊ ခဏနေရင် ပြီးတော့မှာပါ "

ရန်ရိ စိတ်အေးသက်ပြင်းချလိုက်ပြီး

" ကျွန်တော် သတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ? "

" ဆယ်နာရီ ဝန်းကျင်လောက်ပါ၊ မင်းအခုပဲ အောက်ဆီဂျင်တိုးမြှင့်ပြီး ပြန်ရောက်လာတာ "

သူနာပြုက ပြောလာသည်။

" မင်းကိုအိပ်ရာပြင်ပေးတဲ့သူက ခုနကပဲထွက်သွားတယ် ထင်တယ်၊ မင်းအတွက် သူ့ကိုခေါ်ပေးရမလား? "

" နေပါစေ၊ ကျေးဇူးပါပဲ "

" 'ကျေးဇူးပါပဲ' ဆိုတာက ကျွန်မတို့ပြောသင့်တာပါ "

ရန်ရိ နားမလည်ဖြစ်သွားပြီး

" ဘာကိုလဲဗျ? "

" အန္တရာယ်တစ်ခုခု ကြုံတဲ့အခါတိုင်း၊ မင်းပဲအရင်ဆုံး အပြေးသွားတာ၊ လူအများကြီးကို မင်းပဲအသည်းအသန် ကယ်ပေးတာလေ "

Flame Armor [ 火焰戎装 ]Where stories live. Discover now