POBE Ch-6

4.5K 933 46
                                    

Unicode

"မဟုတ်၊ မဟုတ်....."
အမည်မသိ အကြောင်းတရားတချို့ကြောင့် ရန်ဇီ ဟောကျွင်းအကြောင်းကို ထုတ်မပြောချင်။ ဟောကျွင်းဆိုတဲ့လူရှိခဲ့တယ်ဆိုတာ ကုရှောင်ရှန်း လုံးဝမမှတ်မိဖို့တောင် သူဆုတောင်းနေမိတယ်။ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီးနောက်မှ ရန်ဇီ သူပြောချင်တဲ့အကြောင်းအရာကို စဉ်းစားမိသွားတယ်။

"ငါအိမ်ပေါ်ကဆင်းလာတာ၊ လက်ထဲမှာလည်း ပိုက်ဆံတပြားမှမရှိတော့ဘူး...."

ကုရှောင်ရှန်း တိတ်ဆိတ်သွားတဲ့ နှစ်စက္ကန့်စာလောက်ကို ရန်ဇီ ရှက်ရွံ့နေသလို၊ ဝမ်းနည်းသလို ခံစားလိုက်ရတယ်။ ခဏလောက်တိတ်သွားပြီးမှ ကုရှောင်ရှန်းက စကားပြန်ပြောလာတယ်။

"အခုဘယ်မှာလဲ?"

"မင်း...မင်းတိုက်ခန်းမှာ"

ကုရှောင်ရှန်း နည်းနည်းတော့ စိတ်သက်သာရာရသွားတယ်။
"ဒါဆိုလည်း အဲ့မှာပဲနေလိုက်၊ အိပ်ခန်းထဲက အိပ်ရာဘေးကဗီရိုထဲမှာ ယွမ်သုံးလေးသောင်းလောက်ရှိတယ်၊ ကြည့်ကျက်သုံးလိုက်ပေါ့"

ရန်ဇီ ခေါင်းငြိမ့်လိုက်တယ်။
"နားလည်ပြီ"

ကုရှောင်ရှန်းက သူ့ကိုထပ်သတိပေးပြန်တယ်။
"ကိုယ်နှစ်ရက်အတွင်း ပြန်လာခဲ့မယ်၊ အပြင်လျှောက်သွားပြီး ပေါက်ကရတွေ ထပ်မလုပ်မိစေနဲ့၊ စားချင်တာရှိရင် ကိုယ့်ဟိုတယ်ကိုသာသွားလိုက်၊ ဟိုတယ်ကစားသောက်ဆိုင်မှာ အကြွေးနဲ့စားလို့ရတယ်"

"အကြွေးနဲ့? ပြန်ဆပ်ရဦးမှာလား?"

ကုရှောင်ရှန်းကရယ်လိုက်ပြီး..
"ဒါပေါ့ ကိုယ်ချေးထားတဲ့ငွေသားအပါအဝင် အကုန်လုံးကို ပြန်ဆပ်ရမှာ၊ မင်းကအလကားစားချင်သေးတာလား? ရန်ဇီ မင်းမရှက်တတ်ဘူးလား?"
ပြီးတာနဲ့ ဖုန်းချသွားပါလေရော။

ရန်ဇီကတော့ အံ့ဩမနေတော့ဘူး။ ကုရှောင်ရှန်းက ပိုက်‌ဆံကိစ္စတွေနဲ့ပတ်သက်လာရင် အတော်လေးတင်းကြပ်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ။ ဒီကိစ္စက ကုမိသားစုရဲ့ သင်ကြားပုံသင်ကြားနည်းနဲ့လည်း သက်ဆိုင်တယ်။ မူလတန်းကတည်းက ဘောပင်လေးတစ်ချောင်းဝယ်မယ်ဆိုရင်တောင် ကုရှောင်ရှန်းအနေနဲ့ တရားဝင်လျှောက်လွှာဖောင်ကို ဖြည့်ရတယ်။ သူ့ရဲ့အသုံးစရိတ်ကို သူ့ရဲ့အဆင့်ပေါ်မူတည်ပြီး တွက်ချက်ပေးတယ်။ ကုမိသားစုရဲ့ ကိစ္စတွေအပေါ် ကိုင်တွယ်တဲ့နည်းလမ်းက သိပ်ကိုရှင်းလင်းတယ်။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now