POBE Ch-13

3.4K 729 5
                                    

Unicode

သူတို့နှစ်ယောက်လုံး ထိုင်လိုက်ကြတယ်။ ရန်ဇီ မတတ်သာဘဲ မေးလိုက်မိတယ်။ "မင်း ကုရှောင်ရှန်းနဲ့သိတာ ဘယ်လောက်ကြာပြီလဲ?"

ဟောကျွင်းရဲ့နှုတ်ခမ်းတွေက ကော့တက်သွားတယ်။ "လအနည်းငယ်လောက်ပဲ ရှိပါသေးတယ်၊ ကျီချန်းအိမ်ရာမှာ လက်ဖက်ရည်အဖျော်ဆရာလုပ်တုန်းက သူနဲ့တွေ့ခဲ့တာ၊ သူက ကျွန်တော့်အပေါ် အရမ်းကောင်းတယ်...."

သူက မင်းအပေါ်ကောင်းတာ သေချာပါတယ်၊ ဇွန်လကြီးကို ပဝါတစ်ထည် ဝယ်ပေးတယ်လေ။

"ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက် သိကျွမ်းလာတာ အတော်ကြာနေပုံပဲနော်?"

ရန်ဇီ ဂုဏ်ဆာဆာနဲ့ ပြန်ဖြေလိုက်တယ်။ "ဟုတ်တယ်၊ ငါတို့က ငယ်ငယ်တည်းကသိလာကြတာ"

ဟောကျွင်းရဲ့မျက်နှာပေါ်မှာ မနာလိုအားကျဖြစ်နေတဲ့ပုံ ပေါ်လာတယ်။ "ခင်ဗျားက အရမ်းကံကောင်းတာပဲ၊ ခင်ဗျားက သူနဲ့အရမ်းရင်းနှီးတာဆိုတော့ သူဘာတွေးနေမှန်း ခင်ဗျားသိတယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်၊ ဟုတ်တယ်မဟုတ်လား? ကျွန်တော်နဲ့မတူဘူး၊ သူ့စိတ်ထဲဘာရှိနေလဲ ကျွန်တော်ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး၊ အဲဒါကြောင့် အမြဲပြဿနာဖြစ်နေခဲ့တာ၊ အမြဲ ဘာမဟုတ်တာလေးအပေါ် စိတ်ပူပန်နေခဲ့တာ"

ရန်ဇီ အံ့အားသင့်သွားတယ်။ "မဟုတ်ပါဘူး၊ တကယ်တော့ ငါလည်း သူဘာတွေးနေမှန်း တကယ်မသိဘူး"

အခုအခြေအနေက အနေရခက်သွားသင့်ပေမဲ့ ဟောကျွင်းကတော့ ပြုံးနေဆဲဖြစ်ပြီး သူ့ခွက်ကို ရန်ဇီရဲ့ခွက်နဲ့ တိုက်လိုက်လေတယ်။ "ကောင်းတာပေါ့၊ အခု ကျွန်တော်တို့မှာ ပြောစရာခေါင်းစဉ်ရသွားပြီ"

စကားပြောရင်းပြောရင်းနဲ့ တစ်ဖက်လူက သူ့ရဲ့'အချစ်ပြိုင်ဘက်'ဆိုတာ ရန်ဇီ လုံးလုံးမေ့သွားပြီး ပွင့်ပွင့်လင်းလင်း ပြောနေမိတော့တယ်။ ဟောကျွင်းက အလွန်တရာကြည့်ကောင်းမနေပေမဲ့လည်း ရှင်းပြလို့မရနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုရှိနေတယ်၊ သူစကားပြောတဲ့ပုံစံက လူတွေကို စိတ်ပေါ့ပါးအောင် လုပ်နိုင်စွမ်းရှိတယ်။ ရန်ဇီ ဟောကျွင်းရဲ့ စကားနောက်မြောပါသွားပြီး စိတ်အားထက်သန်စွာနဲ့ သူ ကုရှောင်ရှန်းနဲ့အတူလုပ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘာမှသိပ်စဉ်းစားမနေဘဲ ပြောပြလိုက်လေတယ်။ ဒီအဖြစ်အပျက်ကို ပြန်တွေးမိတဲ့အချိန်ကျရင်တော့ သူ့ပါးစပ်ကိုသူ တကယ်ပြန်ပိတ်ထားချင်မှာပဲ။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now