POBE Ch-24

3.4K 763 75
                                    

Unicode

ရန်ဇီက စိတ်ပေါ့သွားပြီး ရုံးခန်းထဲကို ခုန်ပေါက်ပြီး ဝင်လာတော့တယ်။ တံခါးကိုပိတ်ပြီးနောက် ကုရှောင်ရှန်းက ပြောလာတယ်,
"ငါဖုန်းပြောနေတုန်း၊ မင်းအသံကိုတိုးထားနော်"
ပြီးတာနဲ့ သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး တစ်ဖက်လူကို တောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော်လုပ်စရာလေး နည်းနည်းရှိ.... ဟုတ်တယ် အဲဒီလိုပဲ...."

လက်တစ်ဖက်က ဖုန်းကိုကိုင်ထားပြီး နောက်တစ်ဖက်ကိုကျ အိပ်ကပ်ထဲထည့်ထားတယ်၊ ကုရှောင်ရှန်းက ကြမ်းပြင်ကနေအမိုးထိရှိတဲ့ မှန်ပြတင်းကိုမှီကာ ဖုန်းပြောနေလေတယ်၊ သူ့အသံက သိပ်ပြီး ထူးထူးခြားခြားဖြစ်မနေဘူး၊ __သူ့စကားလုံးတွေက ပြေပြစ်ပေမဲ့ လေသံကတော့ အတော်လေးမောက်မာလှတယ်။ ဒါက တခြားသူတွေအပေါ် ကုရှောင်ရှန်း ပုံမှန်ပြောဆိုနေကျပုံစံပဲ၊ အဲဒါကြောင့်ပဲ ယွီယွင်ထောင်က အမြဲတမ်းသူ့ကို လှောင်လေ့ရှိတာ။
"အရမ်းတွေ စိတ်ကြီးဝင်နေတာပဲ၊ ဒါကိုများ ယဉ်ကျေးချင်ယောင် ဆောင်နေသေးတယ်"

ရန်ဇီက ကူရှင်ကိုဖက်ပြီး ဆိုဖာပေါ်မှာထိုင်လိုက်တယ်။ သူကုရှောင်ရှန်းကို နှစ်လိုစွာသာ ကြည့်နေမိတယ်။ သူဘာစကားတွေပြောပြီး ဘယ်လိုအသံနေအသံထားနဲ့ ပြောနေတယ်ဆိုတာ ဘယ်သူကဂရုစိုက်အားမှာလဲ!

ကုရှောင်ရှန်းက ဖုန်းချလိုက်ပြီးနောက် ရန်ဇီကို လှည့်ကြည့်လိုက်တယ်။ ရန်ဇီက မိန်းမောနေတာကိုတွေ့တော့ သူအဲဒီလိုပုံဖြစ်နေတာကို ကြည့်ရတာ အကျင့်ဖြစ်နေပြီဖြစ်တာကြောင့် စိတ်ထဲထည့်မနေတော့ဘူး။
"ငါ့ကိုဘာလို့လာရှာတာလဲ?"

ရန်ဇီက အသိပြန်ဝင်သွားပြီး ကူရှင်ကိုဖက်ထားတဲ့ သူ့လက်တွေကို တင်းကြပ်လိုက်မိတယ်။
"ဘာမှမဟုတ်ပါဘူး၊ စာရွက်စာတမ်းတချို့ လာပို့ရုံပဲ၊ လမ်းကြုံလို့ အစ်ကိုရှောင်ရှန်းကို လာရှာတာ"

ကုရှောင်ရှန်းက ပြုံးလိုက်တယ်။
"ဘယ်သူက မင်းကို စာရွက်စာတမ်းတွေ လာပို့ခိုင်းရဲမှာလဲ?"

"ငါရုံးကိုသွားတာမျိုးက ရှားတယ်လေ၊ ဘာလို့ အလုပ်နည်းနည်း မလုပ်ပေးရမှာလဲ?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant