POBE Ch-30

3.3K 787 33
                                    

Unicode

ဒီစကားကို ကုရှောင်ရှန်းက သူ့ကိုထောက်ခံပေးတယ်လို့ ရန်ဇီ သတ်မှတ်လိုက်ပြီး နောက်ထပ်စိတ်ဆိုးမနေတော့ဘူး။ ပြီးတော့ ကုရှောင်ရှန်းက တကယ်လည်း အလုပ်များတယ်လေ။ လွန်ခဲ့တဲ့နှစ်ရက်လုံးလုံး သူကအရူးလိုမျိုး အချိန်ပိုဆင်းနေခဲ့ပြီး နောက်နှစ်ရက်အတွင်းမှာပဲ အလုပ်ခရီးကသွားဦးမယ်။ သူမသွားခင်ညက ကုရှောင်ရှန်းက ရုတ်တရက် ရန်ဇီကို မေးခွန်းတစ်ခုမေးလာတယ်။
"မင်းအမေ ဘယ်လိုပုံစံရှိလဲဆိုတာ မှတ်မိသေးလား?"

သူ့အမေအကြောင်းပြောတာကို နားထောင်နေရတာနဲ့တင် ရန်ဇီရဲ့မျက်လုံးတွေက နီရဲလာလေတယ်။
"ငါတကယ်မမှတ်မိဘူး"

သူ့မျက်ရည်တွေ ကျမလိုလိုဖြစ်နေတာကိုတောင် ခံစားလို့ရနေတယ်။
"ငါအရမ်း နှလုံးသားမဲ့သလို ဖြစ်နေလား?"

ကုရှောင်ရှန်းက ပြုံးလိုက်ပြီး...
"ဟင်အင်း၊ မဖြစ်ပါဘူး၊ ငါလည်း ငါ့အမေကို မမှတ်မိဘူးလေ"

နောက်တော့ ကုရှောင်ရှန်း အလုပ်ခရီးထွက်သွားခဲ့ပြီး ရန်ဇီကို ရက်ပိုင်းလောက် အဆက်အသွယ်မလုပ်ခဲ့ဘူး။ ရန်ဇီ အတော်လေးစိုးရိမ်ပူပန်နေပြီး ကုရှောင်ရှန်းဆီ စာပို့ချင်နေပေမဲ့ ကုရှောင်ရှန်းဆီကသူ့ကို 'စိတ်ဆိုးနေတဲ့ကောင်မလေး'လို အထင်ခံရမှာလည်း ကြောက်မိတယ်။ ဒီလိုနဲ့ သူရှုယွင်ယွင်ဆီကိုပဲ စာတစ်စောင်ပို့လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ မေးလိုက်တယ်။
"အရင်ရက်တွေတုန်းက ကုဥက္ကဌ စိတ်အခြေအနေ မကောင်းဘူးလား?"

ရှုယွင်ယွင်ရဲ့ပြန်စာက မရေမရာနဲ့။ နောက်ဆုံးတော့ တစ်ခုခုတော့မှားနေတာ ရန်ဇီ ခံစားမိလိုက်တယ်၊ ဒါကြောင့် အခွင့်အရေးတစ်ခုလောက်ရှာပြီး ဟေးဇီကို ထမင်းစားဖိတ်လိုက်တယ်။ ဟေးဇီက ကလပ်အနည်းငယ်လောက် ဖွင့်ထားတာကြောင့် သူ့ဆီမှာက သတင်းစုံတယ်။ စားသောက်ဆိုင်ကိုရောက်တော့ ရန်ဇီ ဟေးဇီကိုမေးလိုက်တယ်။
"ဒီရက်တွေမှာ အစ်ကိုရှောင်ရှန်းမှာ ပြဿနာတစ်ခုခုများ ကြုံနေရတာလား?"

"ဒါပေါ့၊ သူ့အမေသေသွားတဲ့ကိစ္စကို ပြဿနာလို့ ယူဆလို့ရတယ်မဟုတ်လား?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant