POBE Ch-39

3.4K 710 18
                                    

Unicode

ရန်ဇီ ဖုန်းချပြီးတဲ့အချိန်မှာတော့ သူ့မျက်နှာပေါ်မှာ မယုံနိုင်တဲ့အမူအရာရှိနေခဲ့တယ်။
"ကျွန်တော် အစ်ကိုရှောင်ရှန်းကို 'ပေါက်ကရတွေ'လို့ပြောပြီး ကြိမ်းမောင်းလိုက်တာကို သူကကျွန်တော်နဲ့အတူတူစားဖို့ သဘောတူလိုက်သေးတာလား?"

ယွီယွင်ထောင် ရန်ဇီရဲ့ပုခုံးကို ပုတ်လိုက်တယ်။
"ယောကျာ်းတစ်ယောက်က စိတ်ခိုင်ရတယ်ကွ!"

ရန်ဇီ ယွီယွင်ထောင်ကို ကြည့်လိုက်တယ်။
"အစ်ကို ပုံမှန်ဆိုလည်း အစ်ကိုရှောင်ရှန်းကို ဒီလိုကြိမ်းမောင်းနေကျလား?"

ကြိမ်းမောင်းတယ်? ငါတို့ရန်တောင်ဖြစ်ဖူးတယ်ကွ!

ဒါပေမဲ့ ယွီယွင်ထောင် ဒါကိုထုတ်ပြောဖို့က သိပ်မမှန်သလို ခံစားရတာကြောင့် ပြောလိုက်တယ်။
"အခြေအနေပေါ်မူတည်တယ်"

အခြေအနေက အရမ်းမဆိုးရင်၊ ငါသူ့ကိုကြိမ်းမောင်းလိုက်မယ်၊ တင်းမာလာရင်တော့ ငါသူ့ကိုရိုက်ပစ်မှာ!

ရန်ဇီ အတော်လေးကောင်းမွန်တဲ့ဝန်းကျင်ရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးလိုက်တယ်၊ __အဲဒီဆိုင်က သူလိုက်ပိုးပန်းတဲ့ ကောင်မလေးတွေကို ခေါ်လာဖို့အတွက် မကြာခဏရွေးဖြစ်တဲ့ဆိုင်ပဲ။ စားသောက်ဆိုင်မန်နေဂျာက သူနဲ့အရမ်းရင်းနှီးနေပြီဖြစ်တာကြောင့် နောက်ဆုံးမှ သီးသန့်နေရာချန်ခိုင်းတဲ့သူ ဖြစ်နေပေမဲ့လည်း နေရာကောင်းတစ်ခုကို ရလိုက်သေးတယ်။ မန်နေဂျာက သူ့ကိုစတောင်စနေလိုက်သေး။
"ဒီတစ်ခေါက်ရော ဘယ်မိန်းမလှလေးနဲ့ ဒိတ်နေတာလဲ?"

"မိန်းမလှလေးမဟုတ်ပါဘူး၊ ကုဥက္ကဌပါ"

အဲဒီနောက်တော့ မန်နေဂျာက ပြုံးလိုက်ပြီး...
"ကောင်းပါပြီ၊ ဒါဆို ကောင်းကောင်းသုံးဆောင်ပါခင်ဗျာ"

 ရန်ဇီနဲ့ကုရှောင်ရှန်းက ဘော်ဒါတွေဖြစ်လာတာ အတော်ကြာပြီဖြစ်တာကြောင့် "ကျွန်တော်ကုဥက္ကဌနဲ့ ဒိတ်လုပ်မှာမို့လို့ ရိုမန့်တစ်ဆန်တဲ့ပုံမျိုး ပြင်ပေးထားပါ" လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့အခါမှာတော့ မန်နေဂျာက ရန်ဇီ နောက်နေတယ်လို့ပဲ မှတ်လိုက်တယ်။ 

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now