POBE Ch-23

3.4K 785 47
                                    

Unicode

သူ့ရဲ့စိတ်ဓာတ်ကျနေတဲ့သားက အခုအသက်ဝင်လာပြီး တက်ကြွလာတာကို လူအိုကြီးယွီမြင်တော့ ခံစားချက်တွေ ရောထွေးသွားတယ်။ သူ့ရဲ့စိတ်ဖိအားတွေကို လျှော့ချဖို့အတွက် ကုသခင်ကြီးနဲ့ ဂေါက်ရိုက်ထွက်လာခဲ့တယ်။ ကုသခင်ကြီးရဲ့ပုံစံက ကုရှောင်ရှန်းရဲ့ အသက်ကြီးလာတဲ့ဗားရှင်းပဲ၊ လူအိုကြီးယွီ ထိုင်လိုက်ကာ သူ့ကိုစိုက်ကြည့်နေရင်းနဲ့ သူ့မျက်နှာသွင်ပြင်က တဖြည်းဖြည်း တုန်လှုပ်ဖွယ်ကောင်းလာတယ်။ ကုသခင်ကြီးရဲ့ ကျောတပြင်လုံး အေးခနဲဖြစ်သွားပြီး နောက်လှည့်ကာ လူအိုကြီးယွီကို မေးလိုက်တော့တယ်။
"ဘာဖြစ်နေတာလဲ?"

"ဘာမှမဟုတ်ပါဘူး"
လူအိုကြီးယွီက အုံ့မှိုင်းမှိုင်းနဲ့ ပြန်ဖြေတယ်။
"မင်း... သားကောင်းတစ်ယောက်ကို ပျိုးထောင်ခဲ့တာပဲ!"

စီးပွားရေးတိုက်ပွဲတွေမှာ ကုရှောင်ရှန်းနဲ့ ယွီယွင်ထောင်တို့ ဘယ်လိုတောင် တိုက်ခိုက်နေကြလဲဆိုတာ ကုသခင်ကြီး ပြန်တွေးမိပြီး ရယ်လိုက်တယ်။
"မင်းရဲ့သားကလည်း သူ့ဟာနဲ့သူ မဆိုးပါဘူးကွ!"

ဒါကိုကြားတော့ လူအိုကြီးယွီ စိတ်ဆိုးသွားတယ်။
"ငါ့သားက အရူးပဲ!"

ကုသခင်ကြီးက အံ့ဩသွားပြီး နောက်ပြောင်လိုက်တယ်။
"မင်းရဲ့ ထက်မြက်တဲ့သားအကြောင်း ပြောနေတာမဟုတ်ဘူးလား?"

ကုအဖိုးကြီးက ရန်ဇီကို အထင်သေးပြီး သူ့ကိုရူးကြောင်ကြောင်ဖြစ်နေတယ်လို့များ တွေးနေမလား? 
သူသွေးတိုးစမ်းပြီး မေးကြည့်လိုက်တယ်။
"အိုး ဟုတ်လား၊ ဒါဆို ရန်ဇီ့ကို မင်းဘယ်လိုမြင်လဲ?"

"သူလား?.... အရမ်းယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာတတ်တယ်"

"ဒါဖြင့်ရင် ငါကသူ့ကို ကုရှောင်ဝူနဲ့ အိမ်ထောင်ဖက်တွေ့ခိုင်းချင်တယ်ဆိုရင် မင်းအတွက် အဆင်ပြေလား?"

ကုသခင်ကြီးရဲ့အံကပ်က ထိတ်လန့်မှုကြောင့် ကျွတ်ထွက်လုနီးပါးဖြစ်သွားပေမဲ့ သူ့မျက်နှာပေါ်မှာတော့ သိပ်ကိုတည်ငြိမ်တဲ့ အမူအရာရှိနေတုန်းပဲ။ သူကပြုံးနေဆဲဖြစ်ပြီး...
"သူအရင်ကလည်း ရှောင်ဝူကို လိုက်ဖို့ကြိုးစားခဲ့သေးတယ်မဟုတ်လား?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now