POBE Ch-26

3.3K 836 101
                                    

Unicode

မိနစ်အနည်းငယ်ကြာပြီးနောက် ဇီရွှမ်း 'အခြေအနေကိုထိန်းချုပ်'နိုင်သွားမှပဲ အဲဒီ'ဆောင့်တယ်'ဆိုတာက 'ဆောင့်'တာမဟုတ်မှန်း သူနားလည်သွားတော့တယ်။

လူသားချင်းစာနာစိတ်ရှိတဲ့ လူတစ်ယောက်အနေနဲ့ ဇီရွှမ်း ဟောကျွင်းအတွက် ဆေးအကူခေါ်ပေးလိုက်တယ်။ ဒါပေမဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်မှာစိုးတာကြောင့် ဇီရွှမ်း ဟောကျွင်းကို လူနာရဲ့အချက်အလက်တွေကို တင်းကြပ်ထားတတ်တဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုကိုသာ ခေါ်သွားလိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ ဟောကျွင်း သိပ်ပြင်းပြင်းထန်ထန် မထိခိုက်မိလိုက်ဘူး။ နည်းနည်းပြင်းတဲ့ ဒဏ်ရာတစ်ခုရယ် အပေါ်ယံဒဏ်ရာတချို့ရယ်ပဲ ရခဲ့တယ်။

ရန်ဇီက ဒီကိစ္စကို ဇီရွှမ်းအား အသေးစိတ်ရှင်းပြလိုက်တယ်။ နောက်ဆုံးမှပဲ ထင်မြင်ချက်တွေအားလုံး လမ်းမှန်ပေါ်ရောက်သွားတော့တယ်။ ရန်ဇီ ရှော့ရသွားတယ်။
"မင်းတို့အကုန် ငါက ဟောကျွင်းကို ကြိုက်နေတယ်လို့ ထင်နေတာလား? ဘာလို့လဲ?! သူ့အပေါ်ကောင်းပေးတာနဲ့ သူ့ကိုကြိုက်တယ် ဖြစ်သွားရောလား? ဒါပေမဲ့ ငါမင်းအပေါ်ကို ပိုတောင်ကောင်းပေးသေးတယ် မဟုတ်ဘူးလား? အဲဒါကရော ကိုယ့်ယောက်ဖကို ဆွဲဆောင်ဖို့ကြိုးစားတဲ့ အပြစ်သားဆိုတဲ့ သဘောပဲလား?"

ဇီရွှမ်း အမြန်ပြန်ပြောလိုက်တယ်။
"မဟုတ်ပါဘူး၊ ငါ့အတွေးတွေက မရှင်းလင်းခဲ့တာပါကွာ၊ တောင်းပန်ပါတယ်"

ရန်ဇီ ချင့်ချိန်ကြည့်လိုက်တော့ အတိတ်တုန်းက မိန်းကလေးမော်ဒယ်တွေကို ဆက်ဆံသလိုမျိုး ဟောကျွင်းကို ဆက်ဆံခဲ့မိတာတော့ ဟုတ်ပါတယ်။ လူတွေ  အထင်လွဲသွားကြမယ်လို့တော့ မမျှော်လင့်ခဲ့ရိုးအမှန်။
"အာ... ကြည့်ရတာ ငါ့အမှားပဲထင်ပါတယ်၊ ငါက ရင့်ကျက်တဲ့ဂေးတစ်ယောက် ဖြစ်မလာသေးဘူးလေ၊ ဂေးတစ်ယောက်အနေနဲ့ နားလည်သဘောက်ပေါက်မှုတွေ လစ်ဟာနေတာတော့ တကယ်ပဲ၊ ဒီကိစ္စကိုကြည့်ပြီး တကယ်သင်ယူသင့်တယ်"

ရန်ဇီ သူ့လုပ်ရပ်တွေကို ပြန်တွေးကြည့်ပြီး ဟောကျွင်းအပေါ် သူ့အပြုအမူတွေက တကယ်ပဲ လူတွေကို အထင်လွဲစေနိုင်တယ်လို့ ခံစားလိုက်ရတယ်။ သူနဲ့ဟောကျွင်းရဲ့ ဆက်ဆံရေးက အဲဒီလိုမဟုတ်ပါဘူးလို့ ကုဥက္ကဌက ရန်ဇီနဲ့ နှစ်ကြိမ်တောင် တဲ့ရှင်းခဲ့ပြီး ဟောကျွင်းကလည်း သဘောတူခဲ့တော့ ရန်ဇီ ဟောကျွင်းကို သူ့ရဲ့အချစ်ပြိုင်ဘက်အနေနဲ့ လုံးဝထပ်ပြီးမဆက်ဆံခဲ့ဘူး။ အပြန်အလှန် ပြောဆိုဆက်ဆံကြည့်ပြီးနောက်မှာ ဟောကျွင်းက အတော်လေးကောင်းတဲ့လူလို့ သူခံစားခဲ့ရတယ်။ ဟောကျွင်းရဲ့ အမျိုးမျိုးသောဒုက္ခတွေ၊ သနားစရာကောင်းတဲ့ အတွေ့အကြုံတွေနဲ့ သမိုင်းကြောင်းတွေက ရန်ဇီ့ကို သူ့အပေါ် သက်ဝင်ကြင်နာမိစေခဲ့တယ်။ သိပ်အများကြီး မတွေးခဲ့ဘဲနဲ့ ရန်ဇီ သူ့ရဲ့စိုးရိမ်ပူပန်မှု တော်တော်များများကို သူ့ကိုပြသခဲ့မိတယ်၊ ဒါပေမဲ့ ဒီလိုအထင်လွဲမှုကြီးက မြင့်တက်လာမယ်လို့ ဘယ်သူကထင်မိမှာလဲ။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Onde histórias criam vida. Descubra agora