POBE Ch-42

2.7K 690 43
                                    

Unicode

မနက်ရောက်တော့ ရန်ဇီနေရောင်ကြောင့် နိုးလာပြီး သူအိပ်ရာထဲကနေ လှိမ့်ထွက်လိုက်တယ်။ ရေချိုးခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတဲ့ အသံကိုကြားတာကြောင့် သူမနှောင့်ယှက်တော့ဘူး။ အဲဒီအချိန်မှာပဲ သူ့ဖုန်းက အသံမြည်လာတယ်။ ယွီယွင်ထောင် သူ့ကိုဖုန်းခေါ်နေတာကို ရန်ဇီမြင်တော့ အလျင်အမြန်ပဲ ဖုန်းကိုင်လိုက်ပြီး သူ့အသံကိုနှိမ့်ကာ မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ? အစ်ကိုရှောင်ရှန်းဆီက သတင်းကြားလို့လား?"

ရန်ဇီ အသံကိုတိုးပြီးပြောနေတာ ယွီယွင်ထောင်ကြားတော့ သံသယဝင်သွားတယ်။
"မင်းတစ်ခုခုသွားခိုးနေတာလား?"

ရန်ဇီ ရှင်းပြလိုက်တယ်။
"မဟုတ်ဘူး၊ မစ္စတာရှု သွားတိုက်နေတာ၊ ကျွန်တော်ပြောနေတာ သူကြားသွားမှာစိုးလို့"

"ဟမ်???!!!!" ယွီယွင်ထောင် ရှုပ်ထွေးသွားတယ်။
"ဟမ်???!!!!!"

အဲဒီနောက် ယွီယွင်ထောင် သူ့ခေါင်းကိုခါယမ်းလိုက်တယ်။ သူမှားကြားမိတာ မဟုတ်ရင်လည်း သဘောပေါက်လွဲသွားတာလို့ သူယုံကြည်တယ်။ ဒါကြောင့် သူကြားလိုက်တာကို အတည်ပြုဖို့ ကြိုးစားလိုက်တယ်။
"ဘာရှု? မင်းနဲ့သွားတိုက်နေတာ ဘယ်သူ?"

ရန်ဇီ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။
"ကျွန်တော်သွားတိုက်နေတာ မဟုတ်ဘူး၊ ရှုကျင်းယီက ကျွန်တော့်ထက်အရင်နိုးနေတာ၊ သွားတိုက်နေတဲ့တစ်ယောက်ကသူ"

"ဟမ်???!!!!" ယွီယွင်ထောင် ရှုပ်ထွေးသွားတယ်။
"ဟမ်???!!!!!"

ရန်ဇီ့ပုံကြည့်ရတာ ဒါကိုမသင့်တော်ဘူးလို့ မထင်တဲ့ပုံပဲ။ ဒါပေမဲ့ ဟောကျွင်းနဲ့တုန်းက အဖြစ်အပျက်ကို ပြန်မြင်ယောင်သွားတဲ့ ယွီယွင်ထောင်က ပြောလာတယ်။
"ငါ့ညီ၊ အမှန်အတိုင်းပြောကွာ၊ မင်းမှာ ထူးထူးဆန်းဆန်း ဝါဿနာတွေဘာတွေများ ရှိနေလား?"

"ဘာ?"

"မင်းကုရှောင်ရှန်းကို ကြိုက်နေတာမဟုတ်ဘူး၊ မင်းကုရှောင်ရှန်းကို ဖောက်ပြန်ခံရတဲ့ကောင်ဖြစ်အောင် လုပ်ရတာပဲကြိုက်နေတာ ဟုတ်တယ်မဟုတ်လား?"

"ဟမ်???!!!!" ရန်ဇီ ရှုပ်ထွေးသွားတယ်။
"ဟမ်???!!!!!"

ယွီယွင်ထောင် သူ့ညီကိုဒီလိုမျိုး အပြစ်ရှာဝေဖန်နေတာက သိပ်မကောင်းသလိုခံစားနေရတယ်။ အားလုံးထက် သူတို့ကမိသားစုတွေပဲလေ၊ သူလည်းကုရှောင်ရှန်းကို သဘောမကျတာကြောင့် ရန်ဇီ့ကို ပြေရာပြေကြောင်းပြောလိုက်တယ်။
"ဘာမှမဟုတ်တော့ဘူး၊ ငါမင်းဘက်မှာ ရပ်တည်ပေးပြီး မင်းကိုပဲ ကူညီထောက်ခံပေးနေဦးမှာပါ"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now