POBE Ch-45

3.2K 680 83
                                    

Unicode

"?"

အဲဒါက အရမ်းကိုအခြေခံကျတဲ့ question markတစ်ခုပဲ။

ရန်ဇီ သဘောမပေါက်ဘူး။ ကုရှောင်ရှန်းကလည်း ဒီတစ်ခုတည်းပို့တာ မသင့်တော်ဘူးလို့ တွေးမိတာကြောင့် ထပ်ဖြည့်ပြောလိုက်တယ်။
"သူအခု မင်းနဲ့အတူရှိနေတာလား?"

"မရှိဘူး၊ အခုပဲပြန်သွားတာ"

ကုရှောင်ရှန်း စိတ်သက်သာရာရသွားတယ်။ "အောက်ကိုဆင်းလာခဲ့၊ ညစာသွားစားမယ်"

အစကတော့ ကုရှောင်ရှန်း သူ့အခန်းထဲမှာပဲ ညစာစားပြီး စာရွက်စာတမ်းတချို့ကြည့်ပြီးရင် အိပ်ရာဝင်မယ်လို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ ခဏနေကျရင် ရှုကျင်းယီက ရန်ဇီကို ညစာထွက်စားဖို့ ဖိတ်လာမယ်လို့ သူခံစားနေရတယ်၊ ပြီးတော့ သူ့ခန့်မှန်းချက်က မှားမနေခဲ့ဘူး။ ဧည့်ကြိုနေရာမှာ ရန်ဇီ ကုရှောင်ရှန်းနဲ့ဆုံရုံပဲရှိသေးတယ်၊ ရှုကျင်းယီက သူ့အကောင့်ကနေ စာတစ်စောင်ပို့လာတယ်။
"မေ့သွားတယ်၊ မင်းကိုယ့်ကို ယုန်ကင်တစ်ကောင် အကြွေးတင်နေသေးတယ် မဟုတ်ဘူးလား?"

ရန်ဇီ တွေဝေသွားပြီး ဘယ်လိုစာပြန်ရမှန်း မသိတော့ဘူး။ ပုံမှန်ဆို သူပေးထားတဲ့ကတိကို ဖြည့်ဆည်းပေးသင့်တယ်လို့ ခံစားရမှာပေမဲ့ ကုရှောင်ရှန်းနဲ့အတူတူ ညစာစားလို့ရမယ့် ရှားပါးတဲ့ဒီအခွင့်အရေးကို သူလက်လွှတ်မခံချင်ဘူး။

ကုရှောင်ရှန်းက မျက်ခုံးပင့်လိုက်ပြီး....
"ဘယ်သူလဲ? ရှုဥက္ကဌလား?"

ရန်ဇီ ကုရှောင်ရှန်းရဲ့ အလိုလိုသိစိတ်ကြီးကြောင့် အံ့အားသင့်သွားရတယ်။
"ဟုတ်တယ်!"

ကုရှောင်ရှန်းက ရန်ဇီရဲ့ဖုန်းကို ဆတ်ခနဲဆွဲယူလိုက်ပြီး စာနှစ်ကြောင်းရိုက်ပို့လိုက်တယ်။
"ယုန်တွေကအရမ်းချစ်ဖို့ကောင်းတာ! ခင်ဗျားတကယ်ကြီး ယုန်တွေကိုစားချင်နေတာလား?"

အဲဒီနောက်သူက ရှုဥက္ကဌကို ရန်ဇီရဲ့blacklistထဲကို ထည့်ပစ်လိုက်လေတယ်။

ဖြစ်စဉ်တစ်ခုလုံးက တစ်ချက်တည်းနဲ့ လုပ်ဆောင်သွားတာဖြစ်ပြီး ရန်ဇီ့ကို ထိတ်လန့်တုန်လှုပ် အံ့အားသင့်သွားစေခဲ့တယ်။ ကုရှောင်ရှန်းက သူ့ကိုရှင်းပြလာတယ်။
"နောက်လိုက်ရုံပဲ၊ နောက်မှငါသူ့ကို blacklistထဲက ပြန်ထုတ်ပေးလိုက်မယ်"
(အစ်ကို့ဖုန်းမို့လို့လားလို့ မေးလည်းမေးချင်တယ်၊ မေးလည်းမေးလိုက်ပြီ)

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now