POBE Ch-19

3.3K 756 95
                                    

Unicode

ရန်ဇီ ရယ်လိုက်ရင်း.... "ဒီနေ့ သားသားနားနားနဲ့ပါလား၊ ပါတီသွားမလို့လား?"

ဟောကျွင်းကလည်း ရယ်လိုက်တယ်။
"နေ့ခင်းဘက်ကြီးကို ပါတီတဲ့လား? မဟုတ်ပါဘူးဗျာ၊ အလုပ်ရှိလို့ပါ"

သိချင်စိတ်နဲ့ ရန်ဇီမေးလိုက်တယ်။
"မင်းက လက်ဖက်ရည်အဖျော်ဆရာ မဟုတ်ဘူးလား?"

ဟောကျွင်းကပြုံးလိုက်ပြီး သူ့နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်တယ်။
"အဲဒါက အချိန်ပိုင်းအလုပ်ပါ၊ တကယ်တော့ ကျွန်တော်က ပရော်ဖက်ရှင်နယ်မော်ဒယ်ပါ __ အာ... ကျွန်တော်လုပ်ရတဲ့ အလုပ်အရေအတွက်နဲ့ ဝင်ငွေကိုကြည့်ရင်တော့ ပရော်ဖက်ရှင်နယ်လို့တော့ စဉ်းစားလို့မရသေးဘူးပေါ့"

ရန်ဇီ အနည်းငယ် အံ့အားသင့်သွားတယ်။
"မင်းကမော်ဒယ်လား? အိုး... အဲဒီအလုပ်မျိုးက အတော်လေးတော့ခက်သား၊ ဒါပေမဲ့ မင်းကကြည့်ကောင်းတာပဲ၊ မင်းလုပ်နိုင်မယ်ဆိုတာ သေချာတယ်"

ဟောကျွင်းက သက်ပြင်းချလိုက်ရင်း..... "ကျွန်တော့်လိုလူတွေ အများကြီးပဲရှိနေတာ"

လူတွေကို နှစ်သိမ့်တဲ့နေရာမှာ မတော်တာကြောင့် ရန်ဇီ ခေါင်းစဉ်ပြောင်းပြောဖို့သာ ကြိုးစားလိုက်တယ်။
"ဒါနဲ့ မင်းခွေးလေးရော အခြေအနေဘယ်လိုရှိလဲ?"

"တော်တော်လေး ကောင်းနေပါပြီ"
ဟောကျွင်းက ပြုံးလိုက်တယ်။

ဟောကျွင်းနဲ့ရန်ဇီ သူတို့ခွေးတွေအကြောင်း သိပ်ကြာကြာ မပြောလိုက်ရသေးခင်မှာပဲ ဟောကျွင်းက ကျွမ်းကျင်မှုရှိရှိ ကုရှောင်ရှန်းအကြောင်း ခေါင်းစဉ်ပြောင်းလိုက်လေတယ်။ နောက်တစ်ကြိမ် အငိုက်မိသွားပြီး ရန်ဇီ ဘာမှမစဉ်းစားဘဲ ထိုသူ့အကြောင်းတချို့ကို ပြောပြလိုက်မိပြန်တယ်။

ငါတို့က ဘာလို့ အစ်ကိုရှောင်ရှန်းအကြောင်း ထပ်ပြောနေကြပြန်တာလဲ?

သူနည်းနည်း ခံပြင်းပြီးတော့ အချဉ်ပေါက်သွားတယ်။
"မင်းကြည့်ရတာ အစ်ကိုရှောင်ရှန်းကို တော်တော်လေးစိတ်ဝင်စားပုံပဲ"

ဟောကျွင်းက ခေါင်းငြိမ့်လိုက်ပြီး.... "ဟုတ်တယ်ဗျ"

ဟောကျွင်းရဲ့ပွင့်လင်းမှုက ရန်ဇီကို တဲ့တိုးမေးဖြစ်အောင် လုပ်ပေးလိုက်သလိုပဲ။
"အဲဒါဆို၊ မင်းတို့နှစ်ယောက်ကြားမှာ တကယ်ဘာမှမရှိဘူးလား?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now