POBE Ch-4

5.1K 909 24
                                    

Unicode

"မနေ့က မင်းယွမ်တစ်မီလီယံတန်တဲ့အရက်ကို မှာခဲ့တယ်၊ ယွမ်နှစ်သောင်းဖိုးစာလောက်သောက်ပြီးတော့ ဝိုင်ထဲမှာမြှုပ်ပြီး အမျိုးသမီးတွေဝိုင်းနေတဲ့ ရှေးတုန်းကအိုင်ဒီယာကိုတုပဖို့ ကျန်တဲ့အရက်တွေကို Rose Hotelရဲ့ ရေကူးကန်ထဲကို အကုန်သွန်ချလိုက်တယ်လေ၊ မေ့သွားပြီလား?"

ရန်ဇီ အဲဒီအဖြစ်ကို တကယ်ပဲမမှတ်မိဘူး။ ဒါပေမဲ့ ကြားရသလောက်ဆိုရင်တော့ သူမူးရင်လုပ်နေကျပုံစံမျိုးပါပဲ။ ဘယ်လိုနေနေ မူးမနေတဲ့အချိန်ဆိုရင်တောင် သူက လုံးဝကိုအရူးတစ်ယောက်ဖြစ်နေပြီးပြီ။ အရက်ရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့အချိန်မှာဆိုရင်တော့ သူကပိုပြီးတော့တောင် အသုံးမကျတဲ့ကောင်ဖြစ်သွားသေးတယ်။

"ကောင်းပြီ၊ နောက်မှ အတွင်းရေးမှူးကို ပြေစာနဲ့ဗီဒီယိုတွေ မင်းဆီပို့ခိုင်းပြီး မင်းရဲ့အသုံးစရိတ်ထဲကနေ ကျသလောက်ဖြတ်ခိုင်းလိုက်မယ်"
ပြောပြီးသွားတာနဲ့ ယွီယွင်ထောင်က ပြတ်ပြတ်သားသားပဲ ဖုန်းချသွားတော့တယ်။

ရန်ဇီရဲ့ခေါင်းထဲမှာ တဒုန်းဒုန်းဆောင့်တိုးနေတာက ပိုဆိုးလာတယ်။ သူဟိုတယ်ဝန်ထမ်းကိုခေါ်ပြီး အကိုက်အခဲပျောက်ဆေးတချို့ လာပို့ပေးဖို့ပြောလိုက်တယ်။ ရေနွေးနွေးလေးနဲ့ ဆေးသောက်ပြီးသွားတဲ့အချိန်မှာတော့ သူခံစားနေရတာတွေက အများကြီးပိုကောင်းသွားတယ်။ သို့ပေမဲ့ ဆေးနဲ့အတူပို့ပေးလိုက်တဲ့ ရေကူးကန်ပြန်လည်သန့်ရှင်းရေးကုန်ကျစရိတ်ပြေစာကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ့ခေါင်းကနောက်တစ်ကြိမ် ပြန်ကိုက်လာတော့တယ်။

မနေ့ညက စူပါမော်ဒယ်ယန်ရိဟန်ရဲ့ မွေးနေ့ဖြစ်တယ်။ ဒီအမျိုးသမီးက သိပ်မကြာခင်ကပဲ အတော်လေးပေါ်ပြူလာဖြစ်လာခဲ့တာဖြစ်ပြီး ရန်ဇီပိုးပန်းနေတဲ့ အသစ်စက်စက်ပန်းတိုင်လေးပဲဖြစ်တယ်။ ပိုးပန်းနေတဲ့လူတစ်ယောက်အနေနဲ့ ရန်ဇီက ဒီဇိမ်ခံဟိုတယ်ကြီးမှာ ယန်ရိဟန်အတွက် မွေးနေ့ပါတီတစ်ခုကို စီစဉ်ပေးထားခဲ့တယ်။ ပြီးတော့ သူ့ရဲ့ခံစားချက်တွေကိုတောင် လူအများရှေ့မှာ လူသိရှင်ကြား ဖွင့်ဟဝန်ခံခဲ့ပြီး ရက်ရက်စက်စက် အငြင်းခံခဲ့ရလေတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကို ဖြေဖျောက်ဖို့ရန်အတွက် ရန်ဇီစသောက်တော့တယ်။ သောက်ပြီးတာနဲ့ ရန်ဇီရဲ့အမူးသမားရောဂါက ထလာတော့တယ်။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now