POBE Ch-15

3.5K 725 8
                                    

Unicode

ဝက်လက်ပေါင်းနှစ်ခုကို စားပြီးမှ သူ့ပုံရိပ်ကို ထိန်းရဦးမယ်ဆိုတာ ရန်ဇီ သတိရသွားပြန်တယ်။ သူဟောကျွင်းကိုကြည့်နေရင်းက ဖြည်းဖြည်းချင်း ဝါးနေလိုက်တယ်။ ဟောကျွင်းက သူ့စားစရာကို ဖြည်းဖြည်းနဲ့ ဂရုတစိုက်စားနေတာကို တွေ့နေရတယ်၊ သူက သက်သက်လွတ်သမားဆိုတဲ့ အချက်ကိုပါပေါင်းလိုက်တော့ သူ့ပုံစံက အရမ်းကိုတင့်တယ်နေတယ်။ ရန်ဇီ တူကိုကိုက်ထားရင်းက မလိုလားတဲ့အမူအရာနဲ့ ဟောကျွင်းကိုပဲ ဆက်ကြည့်နေတယ်။

ကုရှောင်ရှန်း ရန်ဇီ့ပုခုံးကို ဖျတ်ခနဲရိုက်လိုက်ပြီး.... "မင်းဘာလို့ သူ့ကိုပဲစိုက်ကြည့်နေတာလဲ? သူ့မျက်နှာက စားစရာတွေကို ပိုအရသာရှိလာစေလို့လား?"

ရန်ဇီ မပျော်တော့ဘူး။
"ငါသူ့ကိုကြည့်တာကို မင်းကဘာလို့ လိုက်ဂရုစိုက်နေတာလဲ? မင်းကသူ့ရဲ့ဘာမို့လို့လဲ?"

ဒီမေးခွန်းက ကုရှောင်ရှန်းကို နင်သွားစေတယ်။ ဟောကျွင်းကိုရောပဲ၊ ပြီးနောက်သူက ကုရှောင်ရှန်းကို မျက်ဝန်းထောင့်ကပ်ပြီး ချောင်းကြည့်လိုက်တယ်။ သူ့ပုံစံက အဖြေကိုမျှော်လင့်နေတဲ့ပုံပဲ။ ကုရှောင်ရှန်းတစ်ယောက်သာ မေးခွန်းကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတယ်။

"မင်းကဘာလို့ သိချင်နေရတာလဲ?"

ကုရှောင်ရှန်းနဲ့ဟောကျွင်းကြားက ရမ္မက်လျှမ်းတဲ့လေထုကို မကြည်တာကြောင့် ရန်ဇီ ပွင့်ပွင့်လင်းလင်းပဲ ထုတ်မေးလိုက်တယ်။
"မင်းတို့နှစ်ယောက်က အဲဒါတွေ၊ ဟုတ်တယ်မဟုတ်လား?"

တဲ့ကြီးအမေးခံလိုက်ရတာကြောင့် ကုရှောင်ရှန်းမှာ "ပေါက်ကရတွေ လျှောက်မပြောနဲ့" လို့သာ ပြန်ပြောလိုက်နိုင်တယ်။

ဟောကျွင်းတစ်ယောက်သာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလာတယ်။
"ကျွန်တော်ကဘယ်လိုလုပ် ဥက္ကဌကုနဲ့ ထိုက်တန်မှာလဲ? ဟာသပြောနေတာမဟုတ်လား?"

အဲဒီတော့မှ ရန်ဇီ စိတ်သက်သာရာရသွားတယ်။

ရန်ဇီရဲ့ စားချင်သောက်ချင်စိတ်တွေ ပြန်ရောက်လာပြီး သက်တောင့်သက်သာ ဆက်စားနေတော့တယ်။ ဟောကျွင်းကတော့ သူ့အတွေးတွေထဲမှာ ရှုပ်ထွေးနေပြီး စားစရာတွေကလည်း အရသာရှိမနေတော့။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now