POBE Ch-51

2.2K 435 13
                                    

Unicode

"နောက်တစ်ဆင့်? ကျွန်တော်တို့ ဝိုင်စလုပ်တော့မှာလား?"
ရန်ဇီ သိချင်စိတ်နဲ့ မေးလိုက်တယ်။

စပျစ်ခြံထဲမှာ အလုပ်ရုံအသေးလေးတစ်ခုရှိတယ်။ ရှုကျင်းယီ ကြိုတင်စီစဉ်ထားတဲ့အတိုင်း မီးတွေပွင့်လာပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးက အထဲမှာ စောင့်ဆိုင်းနေပြီးဖြစ်တယ်။ တကယ်တော့ သူတို့တွေ စပျစ်သီးကို သိပ်အများကြီးမခူးခဲ့ဘူး၊ ဒါပေမဲ့ ဝိုင်ကိုစည်လိုက်စိမ်မှာ မဟုတ်တော့ အဆင်ပြေပါတယ်။ ပျော်ဖို့လောက်ပဲလုပ်တာဆိုတော့ နည်းနည်းလေးနဲ့တင် လောက်နေပြီ။ ရှုကျင်းယီက စပျစ်သီးတွေကို ပုံးနှစ်ပုံးထဲကို ခွဲထည့်လိုက်တယ်၊ တစ်ပုံးကို ကျွမ်းကျင်ပညာရှင်ဆီ လွှဲပေးလိုက်ပြီး တစ်ပုံးကိုတော့ သူယူထားလိုက်တယ်။

ရန်ဇီ မေးလိုက်တယ်။
"ဘာလို့ ပုံးနှစ်ပုံးခွဲထားရတာလဲ?"

"ကုရှောင်ရှန်းအတွက် လက်ဆောင်ပြင်ပေးမယ်လို့ ပြောထားမှတော့ ဝိုင်ကို အတူတူပဲလုပ်ပေးသင့်တာပေါ့၊ ကိုယ့်အတွက်ကတော့ မင်းကိုယ့်အတွက် စပျစ်သီးတွေခူးပေးတာနဲ့တင် အရမ်းပျော်နေပါပြီ၊ ကျန်တာက အရေးမပါဘူး"

အကြီးမားဆုံး အကြောင်းပြချက်ကတော့ ကျွမ်းကျင်ပညာရှင်လုပ်ထားတဲ့ဝိုင်က ပြဿနာနည်းပါးမယ်လို့ ရှုကျင်းယီ ခံစားရတာကြောင့်ပဲ။

သူတို့ကိုယ်တိုင်လုပ်ထားတဲ့ နောက်ဆုံးထွက်လာမယ့်ဝိုင်ကလည်း သူ့ဗိုက်ထဲရောက်မှာမဟုတ်တဲ့အပြင် သူ့'အချစ်ပြိုင်ဘက်'ရဲ့ ဗိုက်ထဲကိုပဲရောက်သွားမှာ။ ရှုကျင်းယီက ဝိုင်လုပ်တဲ့ဖြစ်စဉ်ကို အရမ်းကိုပေါ့ပေါ့ဆဆနဲ့ လုပ်နေခဲ့တယ်။ ရန်ဇီလို ဂရုမထားတတ်တဲ့သူတောင် သူ့လုပ်နေတာကို ဆက်ပြီးကြည့်မနေနိုင်တော့ဘူး။

"အကုန်လုံးကို ဒီတိုင်းပစ်ထည့်ပြီး ထုထောင်းနေရုံနဲ့ရပြီလား?"

ရှုကျင်းယီကပြန်ဖြေတယ်။
"ကိုယ်တို့အိမ်တော်က လုပ်ရိုးလုပ်နည်းနဲ့ပတ်သက်ရင် သိပ်အလေးမထားဘူး"

ရန်ဇီ ဒီဖြေရှင်းချက်ကို လက်ခံလိုက်တယ်။

သူတို့တွေ ဝိုင်ကို ပုလင်းထဲထည့်ပြီးနောက်မှာ ရှုကျင်းယီက ရန်ဇီနဲ့အတူ စိုက်ခင်းထဲကနေ ပြန်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ကောင်းကင်ကြီးက တောက်ပနေခဲ့ပြီ။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now