POBE Ch-37

3.2K 697 29
                                    

Unicode

ကုရှောင်ရှန်းက အဲဒီလိုရုတ်တရက်ဆန်ပြီး ခမ်းနားကြီးကျယ်တဲ့ အံ့ဖွယ်ချစ်ခြင်းတစ်ခုအပေါ် ဘယ်တုန်းကမှ မယုံရဲခဲ့ဘူး။

သူ သူ့ရုံးခန်းကို ပြန်လာခဲ့တယ်။ တကယ်တော့ အလုပ်ကိစ္စက သိပ်ပြီးတော့လည်း ကထိကထမများပါဘူး၊ အာရုံမတက်ခင်အချိန်မှာပဲ ပြီးစီးသွားတယ်။ ရှုယွင်ယွင်က သူ့ကိုအိမ်ပြန်ချင်လားလို့ လာမေးခဲ့ပေမဲ့ သူကုမ္ပဏီမှာပဲနေပြီး အိပ်လိုက်တော့မယ့်အကြောင်း ပြောလိုက်တယ်။ အဲဒီနောက်တော့ ရှုယွင်ယွင်လည်း သူ့ဟာသူအိမ်ပြန်သွားတော့တယ်။

ဥက္ကဌရုံးခန်းကနေ မြင်ရတဲ့မြင်ကွင်းက အမြဲလိုလို အံ့ဩဖွယ်ကောင်းတယ်။ ပြတင်းပေါက်ကနေမြင်ရတဲ့ မြင်ကွင်းက မြင့်တာထက်ကိုပိုတယ် ဒါပေမဲ့ မြို့ထဲကနီယွန်မီးရောင်တွေထက်တော့ မမြင့်ဘူး။ အရာအားလုံး တိတ်ဆိတ်သွားတဲ့အချိန်ဆိုရင် တောက်ပလွန်းတဲ့ ပြိုးပြိုးပြက်ပြက်မီးရောင်တွေ အကုန်လုံးက အရမ်းအေးစက်ပြီး ဝေးကွာနေတယ်။ နားနေခန်းထဲမှာ ကုရှောင်ရှန်းက စီးကရက်တစ်လိပ်ကို ထုတ်သောက်လိုက်ပြီး စားပွဲဝိုင်းအသေးလေးတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ စားပွဲပေါ်မှာတော့ သောက်လက်စ အရက်ခွက်တစ်ခွက်နဲ့ သူ့ဖုန်းရှိနေတယ်။

ပျင်းလာတာကြောင့် ကုရှောင်ရှန်း သူ့ဖုန်းကိုကောက်ကိုင်လိုက်တယ်။ ဖုန်းက သူ့မျက်နှာကို အသိအမှတ်ပြုလိုက်ပြီး အလိုအလျောက် ပွင့်သွားတယ်။ မသိစိတ်အရ ကုရှောင်ရှန်း ဆိုရှယ်မီဒီယာappကို ဖွင့်လိုက်မိပြီး မကြာသေးခင်က ပြောထားခဲ့တဲ့ chatတွေထဲကို ဝင်ကြည့်လိုက်မိတယ်၊ အကုန်လုံးက ရန်ဇီ့ဆီကပို့ထားတဲ့ စာတွေချည်းပဲ။ ရန်ဇီ့ရဲ့စကားတွေက ဟိုရောက်ဒီရောက်နဲ့ ပြောချင်ရာပြောထားတာတွေ။ ကုရှောင်ရှန်း သူ့မေးစေ့ကို လက်ပေါ်တင်လိုက်ပြီး အဲဒီရူးကြောင်ကြောင်စာတွေကို ကြည့်ကာ မတတ်သာဘဲ ရယ်လိုက်မိတယ်။ သူရယ်လိုက်တာကြောင့် သူ့လက်ကြားထဲမှာညှပ်ထားတဲ့ စီးကရက်ကလှုပ်သွားတယ်။ ပြာတွေက ရုတ်တရက်ကျလာပြီး သူ့ကိုနည်းနည်းအပူလောင်သွားတယ်။ နာကျင်မှုကြောင့် သူ့လက်ကိုကွေးလိုက်မိပြီး နည်းနည်းလည်း စိတ်ပြန်ကြည်သွားတယ်။ အဲဒီနောက်တော့ သူ့ဖုန်းကို စားပွဲပေါ်ပြန်တင်ထားလိုက်တယ်။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now