POBE Ch-40

3.7K 700 17
                                    

Unicode

ကုရှောင်ရှန်းထွက်ပြေးသွားတာကို ရန်ဇီသိလိုက်တဲ့အချိန်မှာတော့ ကုရှောင်ရှန်း Cနိုင်ငံကိုရောက်နေတာ နှစ်ရက်တောင်ရှိနေခဲ့ပြီ။ ဒါက ရန်ဇီ့ကို အလွန်အံ့အားသင့်ပြီး စိတ်ပျက်သွားစေခဲ့တယ်။ သူ ကုရှောင်ရှန်းကို အပြင်ထပ်ခေါ်ဖို့ ဆင်ခြေတစ်ခုခုရှာဖို့လုပ်နေခဲ့တာ၊ ဒါပေမဲ့ ကုရှောင်ရှန်းက အလုပ်ခရီးထွက်သွားပြီး ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အဲဒီလိုဆိုရင်တောင် ကုရှောင်ရှန်းက သူ့ဆီကနေ ရှောင်ပြေးနေတာကို သတိပြုမိဖို့ထိတော့ မပါးနပ်သေးဘူး။ အခုဆို ကုရှောင်ရှန်းက ရန်ဇီကို တကယ်လန့်နေပြီ၊ ငါသူ့ကိုမကိုင်တွယ်နိုင်ပေမဲ့ သူ့ဆီကနေ ရှောင်ပြေးနေလို့တော့ရသေးတယ် ဟုတ်တယ်မဟုတ်လား? လို့သာ တွေးလိုက်မိတော့တယ်။

ဒီကိစ္စတစ်ခုလုံးရဲ့ ကြေကွဲဖို့အကောင်းဆုံးအပိုင်းကတော့ ရန်ဇီ ဒီသတင်းတွေကို ယွီယွင်ထောင်ကနေတဆင့် ပြန်ကြားရတာပဲ။ မနက်စာစားပွဲဝိုင်းမှာ ရန်ဇီကပြောလိုက်တယ်။
"ကျွန်တော်သူ့ကို ရက်နည်းနည်းလောက် အပြင်ခေါ်ထုတ်မလို့၊ အစ်ကိုရောဘယ်လိုထင်လဲ?"

ယွီယွင်ထောင် သူ့ကိုကြိမ်းမောင်းလိုက်တယ်။
"အသုံးမကျတဲ့ကောင်၊ သူနဲ့ဒိတ်လုပ်ဖို့အတွက်နဲ့ Cနိုင်ငံထိ လိုက်သွားမလို့လား? သူ့နောက်ကို ဒီလိုတကောက်ကောက်လိုက်နေမှ ဖြစ်မှာလား?"

ရန်ဇီ တွေဝေသွားတယ်။
"Cနိုင်ငံ? ဘာCနိုင်ငံလဲ?"

ယွီယွင်ထောင်လည်းပဲ အရမ်းအံ့အားသင့်သွားတယ်။ နောက်ဆုံးတော့ သူမေးလိုက်တော့တယ်။
"ဟမ်? မင်းဒီအကြောင်းကို မသိဘူးလား? သူမနေ့ကတည်းက Cနိုင်ငံကို ရောက်သွားပြီလေ၊ သောက်ရေးမပါတဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတစ်ခုခု တက်ဖို့လို့ထင်တာပဲ၊ ငါတို့လည်း ဒီသောက်ကျိုးနည်း ကမ္ဘာ့မဟာမိတ်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ၊ နှစ်တိုင်းနှစ်တိုင်း အဖွဲ့ဝင်တွေရဲ့ငွေတွေကို လိမ်ယူဖို့ ဒီအစည်းအဝေးကို ခမ်းခမ်းနားနား ပွဲတစ်ခုခုနဲ့ လုပ်နေကျ"

ယွီယွင်ထောင်ရဲ့ပုံစံက ထက်မြက်သိမ်မွေ့ပြီး အေးစက်ကာ တသီးတခြားနေတတ်တဲ့ စတိုင်ရှိတယ်။ ဒါပေမဲ့ သူ့ကိုသိသွားပြီးရင်တော့ သူကအလွန်ရိုင်းစိုင်းပြီး စကားပြောပုံက အရမ်းကြမ်းတမ်းတာကို လူတွေသိသွားကြလိမ့်မယ်။ ယွီယွင်ထောင်တစ်ယောက် ပြီးပြည့်စုံတဲ့ဂေးဖြစ်တဲ့ ဇီရွှမ်းနဲ့ ဘယ်လိုများ အတူရှိနေနိုင်လဲဆိုတာ ရန်ဇီမသိဘူး။ ဒါပေမဲ့ အခုတော့ သူ့မှာလည်း ဒီကိစ္စအပေါ် စိတ်ပူပန်နေဖို့ စိတ်ပါမနေဘဲ အလွန်စိတ်ထိခိုက်စွာနဲ့ပြောလိုက်တယ်။
"သူစကားတစ်ခွန်းမှမချန်ဘဲ ထွက်သွားခဲ့တာလား? သူငါ့ကို တကယ်ဂရုမစိုက်တာ သိသာလိုက်တာ"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now