POBE Ch-28

3.3K 786 50
                                    

Unicode

ကုရှောင်ရှန်းက 'ရပ်သင့်တဲ့အချိန်မှာ ရပ်ရမယ်'ဆိုတဲ့ သဘောတရားကိုလည်း ကောင်းကောင်း နားလည်သဘောပေါက်တယ်။ လူကြီးသူမတစ်ယောက်ကို သိက္ခာမကျန်တော့တဲ့အထိတော့ မပြောပါဘူး၊ ဒါကြောင့် သူပြောလိုက်တယ်။
"ဒါပေမဲ့၊ ဟောကျွင်းက ယုတ်ညံ့တဲ့လူတစ်ယောက်ဆိုတာ မမြင်တဲ့အထိ ကျွန်တော် တကယ်ကန်းနေခဲ့တာပဲ၊ ဒါတွေအားလုံးက သူဖန်တီးထားတဲ့ အဓိပ္ပါယ်မရှိတဲ့ အထင်လွဲစရာတွေလို့ ကျွန်တော်ယုံကြည်တယ်၊ အနည်းဆုံးတော့ ကျွန်တော်တို့ရန်ဇီက ဂေးမဟုတ်ဘူးလေ"

ဒါကိုကြားတော့ အချိန်အတော်ကြာ တိတ်နေခဲ့တဲ့ရန်ဇီက ရုတ်တရက် လက်ကိုမြှောက်ကာ အသံစာစာနဲ့ ထပြောလေတယ်။
"ဂေးဟုတ်တယ်! ဂေးဟုတ်တယ်!"

ကုရှောင်ရှန်းရဲ့မေးရိုးက ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။
"ဟမ်?"

ကုရှောင်ရှန်း ဟောကျွင်းနဲ့ကိစ္စကို ကြားတုန်းက အလေးအနက်မထားခဲ့ဘူး။ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရတဲ့ အကြောင်းအရင်းက ဟောကျွင်းက ရန်ဇီကို ဆွဲချချင်လို့လို့ပဲ သူယုံကြည်ထားခဲ့တာ။ အခုမှပဲ ရန်ဇီက ဂေးဖြစ်နေနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကို သူတကယ် စစဉ်းစားမိသွားတယ်၊ ဒါပေမဲ့ သူ့အတွက် လက်ခံလိုက်ဖို့ တော်တော်ခက်ခဲနေတဲ့ပုံပဲ၊ တစ်ခဏလောက် ဆွံ့အသွားရတယ်။ လူအိုကြီးယွီကလည်း ရန်ဇီကဂေးဆိုတာကို အတည်ပြုပေးလေတယ်။
"မင်းက အခုမှ ဒါကို လာဝန်ခံနေသေးတာလား?! ငါစိတ်ဆိုးတာ မလုံလောက်သေးဘူး ထင်နေလို့လား?"

ကုရှောင်ရှန်းကတော့ ဘာမှပြန်တုံ့ပြန်နိုင်စွမ်း မရှိသေးဘူး။ သူ့မျက်လုံးတွေက ပိုလို့တောင် ပြူးကျယ်လာတယ်၊ မူလက မိုးမခရွက်သဏ္ဍာန်မျက်ဝန်းတွေက အခုဆို မက်မွန်ပန်းသဏ္ဍာန်တောင် ပြောင်းကုန်ပြီ။

ကုရှောင်ရှန်းရဲ့ပုံစံက DisneyLandကိုသွားနေတဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက်က မှားပြီး Jurassic Parkထဲ ရောက်သွားသလိုပဲ၊ သူ့ဘဝတစ်ခုလုံးစာ မေးခွန်းထုတ်နေတဲ့ အကြည့်မျိုးနဲ့ ___စနိုးဝှိုက်က ဒီလို စူးရှတဲ့မျက်လုံးပြူးကြီးတွေနဲ့ သေးသေးကွေးကွေး လက်တိုတိုလေးတွေရှိတဲ့ သွားချွန်ချွန်ကြီးတွေနဲ့ အကောင်ကြီးမဖြစ်နိုင်ဘူးလို့ ပြောနေသလိုမျိုးပဲ။ ကုရှောင်ရှန်းရဲ့ပုံစံက သိပ်မဟန်တာကိုမြင်တော့ ရန်ဇီ ချက်ချင်း ထိတ်လန့်တုန်လှုပ်လာတယ်။ သူ့ခေါင်းတွေနာလာလို့ ကိုင်ထားရလေတယ်၊ သူကရှက်ရွံ့စွာပြောလိုက်တယ်။
"ဟုတ်တယ်၊ အဲဒါအမှန်ပဲ"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now