POBE Ch-55

5K 668 106
                                    

Unicode

ဒီလို အော်ဟစ်ငိုယိုနေတော့ ရန်ဇီ အားအင်အပြည့်ရှိနေတာ ရှင်းရှင်းလင်းလင်းဖြစ်သွားတယ်။ လူအိုကြီးယွီက ရန်ဇီ့ခန္ဓာကိုယ်ကို ဆက်ပြီးစိတ်ပူမနေတော့ဘဲ သူ့ကို ပိုကြောက်မက်ဖွယ်ကောင်းအောင်တောင် ဆူလာလေတယ်။
"ဘာတွေအော်ဟစ်နေတာလဲ?! ပါးစပ်ပိတ်ထား! လုံးလုံးအသုံးမကျဘူး! ရည်ရွယ်ချက်ကလည်း မပြင်းထန်! မင်းက ဘယ်လိုလုပ် ငါတို့ယွီမိသားစုရဲ့ သားဖြစ်နေတာလဲ!"

ယွီယွင်ထောင်ကလည်း ဝင်ရောက်အားဖြည့်ပေးတယ်။
"ဟုတ်တယ်, ဟုတ်တယ်! မင်းလို ယောကျာ်းရင့်မာကြီးက ဒီလို အချစ်ရေးကိစ္စလေးနဲ့ ဘယ်လိုလုပ် ပြဿနာတက်နေနိုင်ရတာလဲ?"

ဒီသားအဖနှစ်ယောက်က ရန်ဇီကို ကဲ့ရဲ့ရှုတ်ချနေကြပြီး ယောကျာ်းတစ်ယောက်အနေနဲ့ သူ့ကိုယ်ပိုင်ခံစားချက်တွေက သူ့ရဲ့ရိုးဖြောင့်မှုကို သက်ရောက်မှုမရှိစေဖို့ သတိပေးနေကြတယ်၊ သူတို့ သဘောထားကြီးစွာနဲ့ မေ့နေကြတာက သူတို့နှစ်ယောက်မှာ တစ်ယောက်က မိန်းမကြောက်တဲ့သူလို့ နာမည်ကြီးတဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့ရည်းစားက မျက်နှာတည့်တည့် ဖြတ်ကန်ရင်တောင် ဘယ်တော့မှ ဘာသံမှ မထွက်ရဲမယ့်သူ ဖြစ်နေတယ်ဆိုတာပဲ။ ဒါပေါ့ အပြင်ရောက်ရင်တော့ သူတို့ရဲ့ ကြမ်းတမ်းတဲ့ယောကျာ်းဆိုတဲ့ ပုံရိပ်တွေက မယိမ်းယိုင်ခဲ့ဘူးပေါ့။ ဒါပေမဲ့ မိသားစုဝင်ဖြစ်တဲ့ ရန်ဇီ ဆီကနေတော့ သူတို့ ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ဘူး။

ဒီလူနှစ်ယောက်က 'ယောကျာ်းတွေက အချစ်ကြောင့် စိတ်ညစ်မနေသင့်ဘူး'လို့ပြောနေတာ တကယ်မယုံနိုင်စရာပဲ။ ဒီကြောင့် ရန်ဇီ သူ့တို့ကို စိတ်ထဲမထား၊ သူတို့ပြောတဲ့ ဖျောင်းဖျစကားတွေကို နားမထောင်တော့ဘဲ သူ့ရဲ့ သနားစရာကောင်းတဲ့ နှလုံးသားလေးကိုပဲ ဂရုစိုက်နေလိုက်တော့တယ်။

အချစ်ဆိုတဲ့အရာက တကယ်ကိုပဲ တော်တော်လေး ဒုက္ခများတဲ့အရာဆိုတာ ယွီယွင်ထောင်လည်း နားလည်တယ်။ လူတစ်ယောက်က သူ့ရဲ့ဝမ်းနည်းပူဆွေးမှုကို ဒီတိုင်းစွန့်ပစ်နိုင်မှာမဟုတ်ဘူး။ သူ့ကို ဖျောင်းဖျလို့မရနိုင်တာကို စဉ်းစားမိပြီး သူရန်ဇီ့ကို ဂရုတစိုက် မေးလိုက်တယ်။
"အတိအကျ ဘာဖြစ်ခဲ့တာလဲ? မင်းကိုကြည့်ရတာ ငြင်းရုံငြင်းလွှတ်လိုက်တဲ့ပုံ ပေါ်မနေဘူး၊ ဘာက မင်းကို ဒီလောက်တောင် စိတ်ညစ်သွားစေတာလဲ?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora