POBE Ch-5

4.8K 981 54
                                    

Unicode

ယွီမိသားစုနဲ့ ကုမိသားစုတို့ရဲ့အိမ်တွေက သိပ်ကိုနီးနီးကပ်ကပ်ရှိတယ်။ နှစ်အိမ်လုံးက တောင်တစ်ဝက်စာလောက်မြင့်တဲ့ တောင်ကုန်းမြင့်ပေါ်က တူညီတဲ့ဗီလာဝန်းထဲမှာတည်ရှိတယ်။ သို့ပေမဲ့ အရွယ်ရောက်လာပြီးနောက်ပိုင်း ကုရှောင်ရှန်းက များသောအားဖြင့် မြို့ထဲမှာရှိတဲ့ သူ့တိုက်ခန်းမှာပဲနေလေ့ရှိပြီး ရန်ဇီ့မှာလည်း အဲဒီတိုက်ခန်းသော့ရှိနေလေတယ်။ ဒီသော့ရလာတဲ့ကိစ္စကလည်း တော်တော်လေးတော့ ရူးကြောင်ကြောင်နိုင်တယ်။

ရန်ဇီ သူ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းချင်စိတ်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ကုမိသားစုပိုင်ဟိုတယ်တစ်ခုကို ရောက်သွားတယ်။ သို့ပေမဲ့လည်း လူအိုကြီးယွီက သူ့ကတ်တွေအကုန်လုံးကို ပိတ်ထားပြီးသားဆိုတာ သိလိုက်ရတယ်။ သူ့အဖေကို ဒီလောက်နှလုံးသားမဲ့လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။ အဲဒီနောက်မှာတော့ သူ ကုရှောင်ရှန်းကို အကူအညီလှမ်းတောင်းခဲ့တယ်။ ကုရှောင်ရှန်းက သူ့ကိုသူ့တိုက်ခန်းဆီ ခေါ်သွားခဲ့တယ်။

အဲဒီအချိန်ကစလို့ ရန်ဇီနဲ့သူ့အဖေ ပြန်ပြေလည်သွားပြီးနောက်ပိုင်းအထိ သူ့မှာအဲ့တိုက်ခန်းသော့ ရှိနေတုန်းပဲ။ ရံဖန်ရံခါ သူအဲဒီတိုက်ခန်းမှာ သွားသွားနေလေ့ရှိတယ်။

ဒီအကြောင်းကို ယွီယွင်ထောင် ကြားကြားချင်းတုန်းက သူလည်းပဲရှော့ရသွားခဲ့တယ်။
"မင်းအမြဲတမ်း သတိမပေးဘာမပေးနဲ့ သွားသွားနေတာ၊ တစ်ခုခုမြင်လိုက်မှာ မကြောက်ဘူးလား"

"မြင်စရာဘာရှိလို့လဲ? သရဲခြောက်တဲ့အိမ်လည်းမဟုတ်!"

သူ့ရဲ့ညီလေးကို စကားပြောတဲ့အခါမှာ စကားတွေကို ကွေ့ဝိုက်ပြီးပြောလို့မရတာ ယွီယွင်ထောင် သဘောပေါက်သွားတယ်။
"ကုရှောင်ရှန်းမှာ ကောင်လေးတွေအများကြီးရှိတာ၊ မင်းဝင်သွားတုန်း သူတို့ရှက်စရာတစ်ခုခုလုပ်နေတာမျိုး တွေ့လိုက်ရမှာမကြောက်ဘူးလား?"

ရန်ဇီ‌ ခေါင်းလေးကိုစောင်းကာ စဉ်းစားလိုက်ပြီး...
"ဒါပေမဲ့ အစ်ကိုရှောင်ရှန်းက သူ့ကောင်လေးတွေကို အိမ်ကိုတစ်ခါမှ ခေါ်မလာခဲ့ဖူးဘူး"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora