POBE Ch-11

4K 800 42
                                    

Unicode

ဇီရွှမ်း တကယ်ကိုပဲ ရန်ဇီပြောပြမယ့် စွဲမက်ဖွယ်ကောင်မလေးနဲ့ အိပ်မက်အကြောင်းကို နားထောင်ဖို့ စိတ်မဝင်စားဘူး။ ကိုယ်ရောစိတ်ပါ ဂေးစစ်စစ်တစ်ယောက်ဖြစ်နေတဲ့ သူက ဒီကိစ္စနဲ့ တကယ်ကိုသဟဇာတဖြစ်မနေဘူး။

ဇီရွှမ်းရဲ့အေးစက်မှုတွေကြောင့် နာကျင်ခံစားရပြီးနောက် ရန်ဇီ နောက်တစ်ကြိမ် စိတ်ပျက်အားငယ်ကာ စိတ်ဓာတ်ကျသွားလေတယ်။ 

ကုရှောင်ရှန်းရဲ့ဆိုဖာက တော်တော်လေးအိတယ်။ ရန်ဇီ လှဲအိပ်လိုက်တဲ့အခါမှာ တိမ်ဆိုင်တွေထဲကို မြုပ်သွားသလိုပဲ။ မမျှော်လင့်ဘဲ သူကုရှောင်ရှန်းရဲ့နွေးထွေးတဲ့ ပွေ့ဖက်မှုကို စလွမ်းလာတယ်။ အဲဒါက အိပ်မက်တစ်ခုဆိုတာ ရှင်းနေပေမဲ့ သူဘယ်လိုများ နွေးထွေးမှုကို ခံစားနိုင်ခဲ့ပါလိမ့်?

ထိုအကြောင်းတွေကို ချင့်ချိန်တွေးတောရင်းနဲ့ ရန်ဇီ အရမ်းစိတ်ပင်ပန်းသွားတယ်။ ပြီးနောက် မျှော်လင့်ချက်တစ်ခုချင်းစီနဲ့ သူ..... အိပ်ပျော်သွားလေတယ်။

ကုရှောင်ရှန်းရဲ့ဇီဝနာရီက ရှုပ်ထွေးနေတယ်။  ခရီးလည်းပန်းနေတယ်၊ သူအိမ်ကိုပြန်ရောက်တော့ သူ့ပုံရိပ်ကိုတောင် လုံးဝဂရုမစိုက်ဘဲ သူ့ရဲ့ဆိုဖာပေါ်မှာ ခြေကားယားလက်ကားယားအိပ်နေတဲ့ ရန်ဇီကို တွေ့လိုက်ရတယ်။ တီဗွီပေါ်မှာဇာတ်လမ်းတွေပြသတဲ့ ရုပ်သံလိုင်းကိုဖွင့်ထားပြီး ဒီနေ့ခေါင်းစဉ်က Wong Karwaiရဲ့ဇာတ်လမ်းများစုစည်းမှုဖြစ်တယ်။ ကုရှောင်ရှန်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိတယ်။ "ဒါကိုကြည့်မှတော့ အိပ်ပျော်သွားတာ မဆန်းဘူး"

ကုရှောင်ရှန်း တခြားဆိုဖာတစ်ခုပေါ်က စောင်ကိုဆွဲယူလိုက်ပြီး ရန်ဇီ့ကိုခြုံပေးလိုက်တယ်။ ပြီးနောက် ရန်ဇီရဲ့ကားယားနေတဲ့ခြေထောက်တွေကို စောင်အောက်ထိုးထည့်လိုက်တယ်။ ဆိုးတာက ရန်ဇီကနွေးထွေးမှုကို ခံစားမိသွားပြီး သူ့ခြေထောက်တွေကို ပြန်ဆန့်ထုတ်လိုက်တာပဲ။ စောင်ခြုံပေးခြင်းအမှုက ကုရှောင်ရှန်းရဲ့နှာခေါင်းကို ကန်မိခြင်းနဲ့သာ အဆုံးသတ်သွားလေတယ်။ ကုရှောင်ရှန်းက ပြင်ဆင်မထားခဲ့တာကြောင့် အကန်ခံလိုက်ရတယ်။ သူ့နှာခေါင်းကိုပွတ်လိုက်ပြီး သူ့နှာခေါင်းက နဂိုရှိရင်းစွဲနှာခေါင်းဖြစ်နေလို့ ကံကောင်းသွားတယ်လို့ သူခံစားလိုက်ရတယ်။ နှာခေါင်းအတုသာဆိုရင် ဒီလိုအားမျိုးနဲ့သာ အကန်ခံရလို့ကတော့ နားရွက်ထိရောက်အောင် ရွဲ့သွားလောက်တယ်! သူနှာခေါင်းကိုပွတ်နေရင်းက တွေးလိုက်တယ်... ဒီလူကတကယ်ပဲ သူ့ကိုမထီမဲ့မြင်ပြုရဲနေပြီပေါ့လေ။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now