POBE Ch-29

3.3K 784 19
                                    

Unicode

သီချင်းရဲ့ဆင့်ခေါ်သံကြောင့်ဖြစ်မယ် အဲဒီညမှာ ကုရှောင်ရှန်းက နောက်ဆုံးတော့ အိမ်ကိုပြန်လာခဲ့တယ်။ 

ကုရှောင်ရှန်း တံခါးကိုဖွင့်လိုက်တော့ သူ့ဆီကိုပြေးလာနေတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ ခဏလောက်တော့ ဟားကျူ့သူ့ဆီပြေးလာနေတယ် ထင်လိုက်တာ၊ ဒါပေမဲ့ မော့ကြည့်လိုက်မှပဲ ဟားကျူ့လို အမြီးတယမ်းယမ်းနဲ့ လာနေတာက ရန်ဇီဖြစ်နေလေတယ်။ ဟားကျူ့ရဲ့ ကြောင်တောင်တောင်အကြည့်ကို ပြန်တွေးမိသွားတာကြောင့် ကုရှောင်ရှန်း စလိုက်တယ်။
"ပါးစပ်ထဲမှာ ဖိနပ်ပါးလေး ကိုက်ထားဖို့ပဲလိုတော့တာ၊ အဲဒါဆို perfectပဲ"

အဆုံးမှာတော့ ရိုးစင်းတဲ့ရန်ဇီက တကယ်ပဲ ဖိနပ်စင်ကိုဖွင့်ပြီး ဖိနပ်ပါးတွေ ထုတ်ပေးလိုက်လေတယ်။ ဒါပေါ့ ပါးစပ်နဲ့ကိုက်ပြီး ယူလာပေးတာတော့ မဟုတ်ဘူးပေါ့၊ လက်နဲ့ပဲယူပေးလိုက်တာပါ။ အဲဒါကပဲ ကုရှောင်ရှန်းကို အံ့ဩသွားစေတုန်း။ ရန်ဇီ တကယ် ပါးစပ်နဲ့ကိုက်ပြီး ယူလာမှာစိုးတဲ့ပုံနဲ့ သူကဖိနပ်တွေကို အမြန်ပဲ လှမ်းယူလိုက်လေတယ်။ ရန်ဇီကို ကောင်းကောင်းနားလည်တယ်လို့ သူအမြဲထင်နေခဲ့တာ၊ ဒါပေမဲ့ ဟောကျွင်းနဲ့ကိစ္စပြီးတဲ့နောက်မှာ သူသိပ်မသေချာတော့ဘူး။

ဖိနပ်ပါးပြောင်းစီးနေရင်းက ကုရှောင်ရှန်း ရန်ဇီကိုပြောလိုက်တယ်။
"ညစာစားပြီးပြီလား အရူးလေး?"

ရန်ဇီ ခေါင်းယမ်းပြလိုက်တယ်။
"ငါမင်းကိုစောင့်နေတာ..... ညစာချက်ခိုင်းမလို့"

ပထမတစ်ပိုင်းကို ကြားလိုက်တုန်းက ကုရှောင်ရှန်း အတော်လေးကို ထိရှသွားရတယ်၊ ဒါပေမဲ့ ရန်ဇီ ဆက်ပြောလာတာကိုလည်း ကြားလိုက်ရော သူ့မှာဘာမှတောင် မပြောနိုင်တော့ဘူး။

"ငါအိမ်ကိုပြန်မလာခင်က စားပြီးခဲ့ပြီးပြီ၊ မင်းအတွက် မှာပေးမယ်လေ"

ရန်ဇီ ကုရှောင်ရှန်းဆီကနေ အရက်နံ့နဲ့ စီးကရက်နံ့တွေပဲ ရနေတာကြောင့် စီးပွားရေးမိတ်ဖက်တွေနဲ့ သွားသောက်ပြီး ပြန်လာတာဖြစ်မယ်လို့ မှန်းဆမိတယ်။ ကုရှောင်ရှန်း အလုပ်တွေ အရမ်းများနေတာကိုကြည့်ပြီး သူ့နှလုံးသားက နည်းနည်းနာကျင်လာရတယ်။
"မလိုပါဘူး၊ cerealစားလိုက်လို့ရတယ်"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now