POBE Ch-20

3.6K 771 53
                                    

Unicode

ပုံမှန်ဆို သိပ်ကိုရန်လိုတတ်တဲ့ သူ့အဖေက ရုတ်တရက်ကြီး အရမ်းစိတ်ဓာတ်ကျသွားလိမ့်မယ်လို့ ရန်ဇီ မမျှော်လင့်ထားခဲ့ဘူး။ ရှော့ရစရာအကြီးကြီး ပေးလိုက်မိတယ်ဆိုတာ ပြန်စဉ်းစားမိတော့ သူအလွန်တရာကို ရှက်ရွံ့မိသွားတယ်။ သူ့အဖေလက်ကိုကိုင်ပြီး သူပြောလိုက်တယ်။
"အဖေ၊ ကျွန်တော့်အမှားပါ၊ ယောကျာ်းတွေရဲ့ဆွဲဆောင်မှုကို တောင့်မခံနိုင်ဘဲ ဂေးဖြစ်လာခဲ့တာ၊ ကျွန်တော့်ကို ရိုက်လိုက်!"

လူအိုကြီးယွီက သူ့မျက်နှာကို လက်ထဲမှာဝှက်ထားတုန်းဖြစ်ပြီး ဘာမှပြန်မပြောလာဘူး။ ရန်ဇီ ပိုလို့တောင် စိတ်မကောင်းဖြစ်သွားပြီး မတ်တပ်ရပ်ကာ အော်လိုက်တယ်။
"တုတ်ကောက်! တုတ်ကောက်ဘယ်မှာလဲ?!"

အပြင်ကလူတွေက ရန်ဇီရဲ့ လမ်းလျှောက်တုတ်ကောက် ဘယ်မှာလဲလို့ မေးသံကြားတဲ့အခါမှာတော့....
"ငါတို့ရဲ့ ဒုသခင်လေးက ပိုပိုပြီးတော့ ရူးကြောင်ကြောင်ဖြစ်လာတာပဲ၊ အခုမှအိမ်ကိုပြန်ရောက်တာကို အရိုက်ခံရဖို့ တောင်းခံနေတာလား?"

လူအိုကြီးယွီက ရန်ဇီကို လှမ်းကိုင်လိုက်လိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ ဒီလူအိုကြီးရဲ့လက်က အလွန်ကြမ်းတမ်းပြီး ရန်ဇီရဲ့ ချောမွေ့ပျော့ပြောင်းနေတဲ့ လက်ဖဝါးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့ သူ့ကို နွေးထွေးမှုနဲ့ တည်ငြိမ်တဲ့အားအင်ကို ပေးစွမ်းနေလေတယ်။

"အဖေ?"
ရန်ဇီ လူအိုကြီးယွီကို နီရဲနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ လူအိုကြီးယွီက ရန်ဇီရဲ့ပုခုံးကို ပုတ်လိုက်ပြီး....
"ထိုင်ဦး"

ရန်ဇီ လိမ်လိမ်မာမာနဲ့ ထိုင်ချလိုက်ပြီး ပြောလိုက်တယ်။
"ဒီတစ်ခါတော့ ကျွန်တော်တကယ်ပြောနေတာ၊ အဖေကျွန်တော့်ကို တကယ်ရိုက်ချင်နေရင် ကျွန်တော်အရိုက်ခံလိုက်မယ်"

လူအိုကြီးယွီ သက်ပြင်းချလိုက်တယ်။
"ဒါ...ငါလည်းသိပါတယ်၊ အရင်တုန်းက မင်းတွဲခဲ့တဲ့ကောင်မလေးတွေကို ငါ့ကိုတကူးတကလာပြီး ဘယ်တုန်းကမှ မပြောပြခဲ့ဖူးဘူး၊ အခုပြောလိုက်တဲ့ကိစ္စက မင်းရင်ထဲကလာတဲ့ စကားတွေလား? မင်းသေချာ စဉ်းစားကြည့်ပြီးရဲ့လား?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now