POBE Ch-50

2.2K 443 14
                                    

Unicode

ကုရှောင်ရှန်း စိတ်ပူနေတုန်းပဲဆိုပေမဲ့ သူ့ကိုယ်ကျင့်သိက္ခာကို ဖောက်ဖျက်သလို ဖြစ်မှာကြောက်တာကြောင့် အရမ်းပေါ်ပေါ်ထင်ထင် မပြရဲဘူး။ ရန်ဇီနဲ့ တစ်ခန်းတည်းပဲ အတူတူနေလိုက်မယ်လို့ တွေးလိုက်ပေမဲ့ သူ့အခန်းထဲကို ကြောက်အားလန့်အားနဲ့ ပြေးဝင်သွားပြီး တံခါးပိတ်လိုက်တဲ့ ရန်ဇီကိုပဲ မြင်လိုက်ရလေတယ်။ အခုမှ တစ်ခုခုပြောလိုက်ဖို့က ကုရှောင်ရှန်းအတွက် အနေရခက်စရာတွေ ဖြစ်ကုန်လိမ့်မယ်၊ ဒါကြောင့် ရန်ဇီနဲ့ဘေးချင်းကပ်အခန်းထဲကိုပဲ ဝင်သွားလိုက်တော့တယ်။

ရန်ဇီ ရေချိုးခန်းထဲကထွက်လာပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်တဲ့အချိန်မှာတော့ မစ္စတာရှုဆီကနေ စာတစ်စောင်ဝင်နေတာ တွေ့လိုက်ရတယ်။
"ဘလော့ထားတာလေး အရင်ဖြည်ပေးပါဦး၊ ဟုတ်ပြီလား?"

အဲဒီတော့မှ ကုရှောင်ရှန်း သူ့ဖုန်းကိုယူပြီး မစ္စတာရှုကို ဘလော့ထားတဲ့ကိစ္စကို ရန်ဇီ သတိရသွားတယ်။ ရန်ဇီ သူ့ရဲ့ဆိုရှယ်မီဒီယာအပ်ပ်ကို ဖွင့်လိုက်ပြီး မစ္စတာရှုကို ဘလော့ဖြည်ပေးလိုက်ပြီးနောက် စာတစ်ကြောင်းလှမ်းပို့လိုက်တယ်။
"ဆောရီး, ဟဟ၊ အထင်လွဲတာပါ"

"ရပါတယ်၊ တစ်ခုလောက် ပြောလို့ရမလား?"

"ရတာပေါ့"

"ဒါပေမဲ့ ဒီအကြောင်းကို ကုရှောင်ရှန်းကို ပြန်မပြောရဘူး"

"ဟမ်?"

"သူ့အတွက် ငါတို့လုပ်တဲ့'စပရိုက်'လို့ သဘောထားလိုက်လေ၊ ဘယ်လိုလဲ?"

အစ်ကိုရှောင်ရှန်းအတွက် စပရိုက်လား? အကြံကောင်းပဲ။

ရန်ဇီ မေးလိုက်တယ်။
"ဘယ်လိုစပရိုက်လဲ?"

"မင်းကိုယ့်အတွက် ဝိုင်လုပ်ပေးမယ်လို့ ကတိပေးထားတယ်မဟုတ်လား? ကုရှောင်ရှန်းအတွက်ပါ တစ်ပုလင်းလောက် လုပ်လိုက်ရအောင်"

ရန်ဇီ ဒီအကြံကိုသဘောကျတယ်။ သူဝိုင်ကိုကြိုက်တယ်၊ ကုရှောင်ရှန်းကိုလည်း ကြိုက်တယ်။ ကုရှောင်ရှန်းကို သူကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်တစ်ပုလင်း လက်ဆောင်ပေးတယ်ဆိုတာက အကြံကောင်းတစ်ခုလို့သူထင်တယ်။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)On viuen les histories. Descobreix ara