POBE Ch-14

3.6K 760 34
                                    

Unicode

ဒီလိုနဲ့ ကုရှောင်ရှန်း ရန်ဇီရဲ့လက်ကို လွှတ်လိုက်ပြီး... "ငါအရူးတွေနဲ့ သူငယ်ချင်းကောင်း လုပ်မှာမဟုတ်ဘူး"

ဒီစကားက ကုရှောင်ရှန်း အရင်ကလေးဘဝတုန်းကလည်း ပြောခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ရန်ဇီ ကုရှောင်ရှန်းနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ချင်နေတဲ့အချိန်ပဲ၊ ဒါပေမဲ့ ကုရှောင်ရှန်းက သူ့ကို ရက်ရက်စက်စက် ငြင်းပယ်ခဲ့ပြီး အရူးတစ်ယောက်နဲ့ သူငယ်ချင်းလုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ရန်ဇီ အရမ်းစိတ်မကောင်းဖြစ်သွားတယ်၊ နောက်တော့ ဦးလေးကုက ကုရှောင်ရှန်းကို ရန်ဇီရှေ့ဆွဲခေါ်လာပြီး တောင်းပန်ခိုင်းခဲ့တယ်။

ဒါပေမဲ့ ကုရှောင်ရှန်းက အဲဒီစကားကိုပဲ အခုထပ်ပြောလိုက်တော့ ရန်ဇီ ထပ်ပြီးတော့ စိတ်မကောင်းဖြစ်မနေတော့ဘူး။ ဘာလို့လဲဆိုတော့ သူကအရူးတစ်ယောက်ဆိုတာ ရန်ဇီသိနေလို့ပဲ၊ ဒါပေမဲ့ ကုရှောင်ရှန်းကတော့ သူ့ရဲ့သူငယ်ချင်းကောင်းအဖြစ် ရှိနေတုန်းပဲ။

ရန်ဇီရဲ့သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ကုရှောင်ရှန်းကလည်း ရန်ဇီနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ သတိပြုမိတယ်။ အားလုံးထက် ရန်ဇီက သူ့ရဲ့စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီပဟေဠိကတော့ တော်တော်လေးကို ထုံးစံမဟုတ်တဲ့အတွက် ကုရှောင်ရှန်းမှာ မှန်းဆကြည့်လို့မရဘူးဖြစ်နေတယ်။ လတ်တလော ရန်ဇီ့စိတ်ထဲမှာ ပြဿနာတွေအများကြီး ရှိနေပြီး မပျော်မရွှင်ဖြစ်နေတယ်လို့သာ တွေးလို့ရတယ်။ နိဂုံးချုပ်လိုက်ရင် သူ့ရဲ့မပျော်ရွှင်မှုတွေက ယန်ယိဟန်ကိုလိုက်တာ ကျရှုံးသွားတာကြောင့်ရယ်၊ သူ့အဖေက ကန်ထုတ်လိုက်တာကြောင့်ရယ်၊ သူ့ရဲ့ဗလာဖြစ်နေတဲ့ ပိုက်ဆံအိတ်ကြောင့်ရယ်၊ ခွေးနဲ့လမ်းလျှောက်ထွက်ပြီးနောက် သွေးထွက်သံယိုအဖြစ်အပျက်ကို မြင်လိုက်ရတာရယ်ကြောင့်ပဲ ဖြစ်နိုင်တယ်။ ဒီကိစ္စမှာ ရန်ဇီရဲ့မပျော်ရွှင်မှုတွေကို နားလည်ပေးလို့ရတယ်။

ကုရှောင်ရှန်းကိုယ်တိုင်လည်း နည်းနည်းအလုပ်များနေတယ်။ ဒါပေမဲ့ အလုပ်အတွက် သူ့ရဲ့စိတ်အားထက်သန်မှုကြောင့် သိပ်ပင်ပန်းတယ်လို့မထင်မိဘူး။ အချိန်အများစုမှာ သူ့ရုံးခန်းထဲက နားနေခန်းထဲမှာ ဝင်နေလေ့ရှိတယ်၊ ဒါမှမဟုတ် ကုအိမ်တော်ကို ပြန်လေ့ရှိတယ်၊ သူ့တိုက်ခန်းမှာ နေဖို့ဆိုတာ ခပ်ရှားရှားရယ်။ ကုရှောင်ရှန်း ဒီတိုက်ခန်းကို ဝယ်တုန်းက သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို ဖော်ထုတ်ခံလိုက်ရပြီးခါစဖြစ်ပြီး သူ့မိသားစုနဲ့ဆက်ဆံရေးကလည်း တင်းမာနေခဲ့တယ်။ အဲဒီနောက်တော့ သူ့မိသားစုက လက်ခံပေးခဲ့ပြီး နောက်ပိုင်း တိုက်ခန်းမှာထက် ကုအိမ်တော်မှာပဲ သွားပြန်နေဖြစ်တော့တယ်။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now