POBE Ch-18

3.3K 671 10
                                    

Unicode

ရန်ဇီ အရှုံးမပေးဘဲ ဇီရွှမ်းကို သီးသန့်ဖုန်းခေါ်လိုက်တယ်။
"အားရွှမ်း၊ ငါ့ရုံးခန်းကို လာခဲ့ဦး"

"ဥက္ကဌယွီက ခင်ဗျားကို လျစ်လျူရှုထားလိုက်လို့ပြောတယ်"

ရန်ဇီ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။
"ဟေးး ငါလည်း(ဒု)ဥက္ကဌပါပဲဟ!"

ဇီရွှမ်းက တန့်သွားပြီးမှ.. "အဲဒီလိုဆိုရင်တောင် ကျွန်တော်ကအခု ဥက္ကဌရဲ့လက်လောက်လေ၊ အလုပ်သဘောအရ ကျွန်တော်ဥက္ကဌကို တိုက်ရိုက်အစီရင်ခံနေတုန်းပဲ၊ ခင်ဗျားမှာ မေးစရာတစ်ခုခုရှိနေရင် ခင်ဗျားရဲ့ကိုယ်ပိုင်လက်ထောက်ကို သွားရှာလို့ရတယ်၊ တကယ်ရွေးချယ်စရာမရှိတော့မှ ကျွန်တော်တို့ ထပ်ဆွေးနွေးကြတာပေါ့"

"ငါမင်းကို ခဏလောက်စကားပြောချင်ရုံပါပဲ၊ ခဏလေးပဲ၊ အဲ့လောက်မရက်စက်ပါနဲ့"

သူ့ရဲ့ထပ်တလဲလဲ တောင်းဆိုမှုကြောင့် ဇီရွှမ်းမှာ ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရတော့တယ်။

ဇီရွှမ်း ဒုဥက္ကဌရုံးခန်းကို ရောက်တဲ့အခါ ရန်ဇီရဲ့အဝတ်အစားတွေက မသေမသပ်ဖြစ်နေပြီး ခြေဗလာနဲ့ ရုံးခန်းထဲကဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်လှဲနေတာကို သူတွေ့လိုက်ရတယ်။ သို့ပေမဲ့ ဇီရွှမ်းက အချိန်တစ်ခုအထိ သူ့လက်ထောက်အဖြစ် အလုပ်လုပ်ခဲ့တာဆိုတော့ ဒါတွေနဲ့ အသားကျနေပြီး ထူးဆန်းတယ်လို့တောင် မထင်တော့ဘူး။ ဇီရွှမ်း ရောက်လာတာမြင်တော့ ရန်ဇီက ချက်ချင်း အသက်ဝင်လှုပ်ရှားလာလေတယ်။ သူက ဆိုဖာကိုပုတ်ပြလိုက်ပြီး...
"အားရွှမ်း.. လာ, ထိုင်ဦး"

ဇီရွှမ်း ရန်ဇီရဲ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။
"ညွှန်ကြားစရာများရှိလို့လား?"

ရန်ဇီက ပဟေဠိဆန်စွာ ပြောလာတယ်။
"ငါမင်းကို တစ်ခုမေးချင်လို့..."

သူ့အမူအရာကိုမြင်၊ သူ့စကားလုံးတွေကို ကြားပြီးတဲ့နောက်မှာ တစ်ခုခုမှားနေတာ ဇီရွှမ်းသိသွားတယ်။ သူ 'မေ့လိုက်တော့'လို့ ပြောမယ့်အချိန်မှာပဲ ရန်ဇီက ပြောလာတယ်။
"မင်းငါ့အစ်ကိုကို ဘယ်လိုလိုက်ခဲ့တာလဲ?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now