POBE Ch-54

2.3K 464 21
                                    

Unicode

ရန်ဇီ အခုသုံးလိုက်တဲ့ ထီမထင်တဲ့လေသံက သတ္တိရှိနေလို့လည်းမဟုတ်ဘူး၊ ယုံကြည်ချက်ရှိလို့လည်းမဟုတ်ဘူး။ အဲဒါရဲ့လုံးဝဆန့်ကျင်ဘက်၊ သူကြောက်ပြီး ရှက်ရွံ့နေလို့သာ ရည်ရွယ်ချက်ရှိရှိနဲ့ မာဆတ်ဆတ်ပြောလိုက်တာ၊ သူ့မျက်နှာနီရဲသွားရင်တောင် အရေးမကြီးဘူး။ ဒီနေ့ သူအစွမ်းကုန် အားထုတ်ပြီး ဖွင့်ပြောလိုက်တာက အငြင်းခံရဖို့သာ ဖြစ်နေခဲ့တယ်၊ ပင်ပန်းလိုက်တာ။ သူ့သတ္တိတွေလည်း လုံးလုံးပျောက်ဆုံးသွားတယ်၊ ကုရှောင်ရှန်းရဲ့တုံ့ပြန်ပုံကြောင့် သက်ရောက်မှုက ပိုပြင်းထန်သွားတယ်။ အခြေခံအားဖြင့် သူ့မှာ ပုန်းစရာနေရာမရှိဘူး၊ လွတ်မြောက်ဖို့အတွက် တွင်းတစ်တွင်းလောက် တူးလို့ရရင်ကောင်းမယ်လို့ အသည်းအသန် ဆုတောင်းနေမိတယ်၊ အဲဒီလိုဆို တခြားဘယ်သူ့ကိုမှ မတွေ့ရတော့ဘူး။

အချိန်တွေအများကြီး အကုန်ခံပြီး လုပ်ထားခဲ့ရတဲ့ ဝိုင်ပုလင်းကိုကောက်ကိုင်၊ တက္ကစီဌားပြီး အိမ်ကိုပြန်ပြေးလာလိုက်တယ်။ အိမ်ရောက်တော့ မူးဝေသလို ခံစားလိုက်ရပေမဲ့ သူအရမ်းအသည်းကွဲနေလို့ပဲဖြစ်မယ်လို့ တွေးလိုက်တယ်။ သူက ပုလင်းဆို့ကို နောက်တစ်ကြိမ် ဆွဲဖွင့်လိုက်ပြီး တန်းမော့ပစ်လိုက်တယ်။ ဝမ်းနည်းကြေကွဲမှုအပြည့်နဲ့ သူ့မျက်လုံးတွေက ဝေဝါးနေပြီး သူ့အစ်ကိုဆီ စာတစ်စောင်လှမ်းပို့လိုက်တယ်။
"အစ်ကိုရှောင်ရှန်းက ကျွန်တော့်ကို မုန်းနေတာ! ကျွန်တော့်ကို ရွံနေတာ! ကျွန်တော် အသက်ဆက်မရှင်ချင်တော့ဘူး!"

ယွီယွင်ထောင်က ဇီရွှမ်းနဲ့ ဒိတ်လုပ်နေတာဖြစ်တယ်။ ဒီစာကိုမြင်လိုက်တဲ့အခါမှာတော့ သူ့မျက်ခုံးတွေ တွန့်ချိုးသွားလေတယ်။ ဇီရွှမ်းလည်း အတော်လေး စိတ်ကိုဆွဲဆန့်ထားရတယ်။
"ဘာဖြစ်နေတာလဲသိရအောင် သူ့ကိုအရင်ဖုန်းခေါ်ကြည့်ပါလား?"

ယွီယွင်ထောင် ဖုန်းခေါ်လိုက်ပေမဲ့ ဘယ်သူမှပြန်မဖြေဘူး။ အဲဒါနဲ့ အခြေအနေကိုသိရအောင် သူ့အဖေဆီ ဖုန်းခေါ်ကြည့်လိုက်တယ်။

သဘာဝကျစွာပဲ ရန်ဇီပြောတဲ့ 'ကျွန်တော် အသက်ဆက်မရှင်ချင်တော့ဘူး' ဆိုတဲ့စကားကို လူအိုကြီးယွီရော ယွီယွင်ထောင်ရောက သူအတည်ပြောနေတယ်လို့ကို မခံစားရဘူး။ ဒါပေမဲ့ အသည်းကွဲကတော့ အမှန်ဖြစ်လောက်တာကြောင့် သူတို့တွေ စိုးရိမ်ပူပန်မှုတချို့ကိုတော့ ပြရဦးမယ်။ လူအိုကြီးယွီက အိမ်တော်ထိန်းကို မေးလိုက်တယ်။
"ဒုသခင်လေး အိမ်ပြန်ရောက်နေပြီလား?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora