POBE Ch-25

3.4K 827 151
                                    

Translator has something to say:
ဒီနေ့ကသောကြာနေ့မဟုတ်ဘဲ တနင်္ဂနွေနေ့ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒီအပိုင်းကို ဖတ်စေချင်လွန်းလို့ စေတနာဗလပွနဲ့ တင်ပေးလိုက်တယ်။ 🤣🤣🤣ငါတော့ ရယ်သေပြီ။ ဟားဟားဟားဟားးးး

~~~~~~~~~
Unicode

ဒီလိုနိဂုံးမျိုးက သေချာပေါက် လူအများစု တွေးမိတဲ့ပုံစံမျိုးပဲ။ ဇီရွှမ်းတောင်မှပဲ ရန်ဇီက ဟောကျွင်းကိုလိုက်ချင်နေတယ်လို့ ခံစားနေမိတာ။ ပွဲတစ်ခုခုမှာ ရန်ဇီက အဓိကလူဖြစ်တဲ့အချိန်တိုင်း ကုမ္ပဏီက အဲဒီပွဲအတွက် ဇီရွှမ်းကို သူ့လက်ထောက်အဖြစ် စီစဉ်ပေးလေ့ရှိတယ်။ ဒီတစ်ကြိမ် ပရိုမိုးရှင်းပွဲတွေအတွက် သူတို့ တစ်လကြာ စီးပွားရေးခရီးစဉ်တစ်ခု သွားဖို့လိုအပ်လေတယ်။ လေဆိပ်မှာ ယွီယွင်ထောင်က မျက်နှာပေါ်မှာ လွမ်းဆွေးတမ်းတနေတဲ့အကြည့်ကို ဆင်မြန်းထားခဲ့တယ်။ ရန်ဇီ သူ့လက်တွေကိုဖြန့်ပြီး ကြိုဆိုဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ယွီယွင်ထောင်က သူ့ကိုကျော်သွားပြီး ဇီရွှမ်းကို ပွေ့ဖက်လိုက်ကာ သူ့ကိုယ်သူဂရုစိုက်ဖို့ သတိပေးနေတာကို တွေ့လိုက်ရတယ်။ သူ့စကားလုံးတွေက နွေးထွေးညင်သာနေပြီး ရန်ဇီအမြဲမြင်နေကျဖြစ်တဲ့ အစ်ကိုကြီးဖြစ်သူနဲ့ လုံးလုံးကွာခြားနေလေတယ်။ 

ရန်ဇီ နည်းနည်းမနာလိုဖြစ်သွားတယ်။
"ဘာလဲ? ကျွန်တော့်ကိုကျတော့ ဂရုစိုက်ဖို့ သတိပေးစရာမလိုဘူးလား?"

ယွီယွင်ထောင်က ရန်ဇီကိုပြောလာတယ်။
"ကျေးဇူးပြုပြီး ဇီရွှမ်းအတွက် နောက်ထပ်ပြဿနာတွေ မဖန်တီးပေးဖို့ ဂရုစိုက်ပေးပါဦး"

ဖာ့ခ်၊ __ရန်ဇီ မဆဲဘဲမနေနိုင်တော့ဘူး။ သူ့တို့ကမိသားစုရော ဟုတ်သေးရဲ့လား?

ဇီရွှမ်းရော ရန်ဇီပါ အထူးတန်းမှာဖြစ်တယ်။ ရန်ဇီက နောက်တောင်နောက်လိုက်သေးတယ်။
"ငါတို့လူတွေဒီလောက်များတာ၊ ဘာလို့များ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး မဌားလိုက်တာတုန်း?"

ရက်ပေါင်းများစွာ ဒီပရောဂျက်အတွက် အချိန်ပိုဆင်းပြီး အလုပ်လုပ်ခဲ့ရတဲ့ ဇီရွှမ်းတစ်ယောက် ရန်ဇီရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဌားဖို့ ပြောတာတွေ၊ ဟိုတယ်တစ်ခုလုံး ဌားလိုက်ဖို့ပြောတာတွေ၊ ရေကူးကန်ပါတီလုပ်ဖို့ ပြောတာတွေကိုကြားပြီးနောက် သူအချိန်ပိုဆင်းထားရတဲ့ အလုပ်ဖိုင်တွေအကုန်လုံးနဲ့ ရန်ဇီခေါင်းကိုပစ်ပေါက်ပြီး 'နိုးထတော့!'လို့ အော်ပစ်လိုက်ချင်မိတယ် တကယ်။ ဒါပေမဲ့လည်း သူအဲဒီလိုမလုပ်လိုက်ပါဘူး၊ ဒီတိုင်း သူ့ရဲ့ပုံမှန်ပြောနေကျ အတက်မကျမရှိတဲ့ အသံနဲ့သာ ပြောလိုက်တယ်။
"အဲဒါတွေအတွက် လျှောက်လွှာတင်ဖို့လိုတယ်"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now