POBE Ch-10

4K 785 29
                                    

Unicode

တကယ်တော့ ကုရှောင်ရှန်းရဲ့ဘဝက ဟေးဇီထင်သလို ကောင်းမွန်မနေဘူး။ သူရွက်လှေနဲ့ခရီးသွားတဲ့ အကြိမ်အရေအတွက် ဒါမှမဟုတ် တစ်နှစ်အတွင်း တက်ရောက်တဲ့ပါတီအရေအတွက်က ရန်ဇီနဲ့ဟေးဇီ တစ်လအတွင်း သွားတဲ့အရေအတွက်ထက်တောင် နည်းသေးတယ်။ ကုရှောင်ရှန်း နေ့စဉ်ကိုင်တွယ်ရတဲ့ အလုပ်ကိစ္စတွေက ရန်ဇီစိတ်ကူးထားတာထက်တောင် ပိုများတာကြောင့်လည်းဖြစ်မယ်။ ရန်ဇီလည်း စီအီးအိုတစ်ခါဖြစ်ခဲ့ဖူးတယ်ဆိုပေမဲ့ အဲဒါကအပျော်သဘောလောက်ပဲ။ အလုပ်တွေအကုန်လုံးကို သူ့အလုပ်သမားတွေနဲ့ ပစ်ထားခဲ့ပြီး သူကမျက်နှာပြရုံနဲ့ စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးရုံလောက်ပဲ လုပ်ခဲ့ရတာ။ ဒါကြောင့် သူ့အလုပ်တာဝန်က ကုရှောင်ရှန်းလုပ်ရတာနဲ့ ယှဉ်လို့မရနိုင်ဘူး။ ဒါကြောင့်နဲ့ သူ့အဖေက သူ့ကိုမကြည်တော့ဘဲ သူ့ထက်ပိုယုံကြည်စိတ်ချရတဲ့ သူ့အစ်ကိုကြီးယွီယွင်ထောင်ကို သူ့နေရာမှာအစားထိုးခဲ့တာ။ 

အဲဒီနောက်ပိုင်း ရန်ဇီပြန်ကြားရတာက ယွီယွင်ထောင်က အချိန်ပိုသေအောင်ဆင်းခိုင်းပြီး သူ့လက်အောက်ငယ်သားတွေအပေါ်လည်း အတော်တင်းကြပ်တာကြောင့် တော်တော်များများ ခံစားလိုက်ရတယ်တဲ့။ ရန်ဇီ ဇီရွှမ်းကိုတောင် သီးသန့်မေးကြည့်လိုက်သေးတယ်။ " ငါ့အစ်ကိုက အရမ်းတင်းကြပ်တယ်လို့ကြားတယ်၊ လူတိုင်းကိုလည်း အရမ်းပင်ပန်းစေတယ်တဲ့၊ မင်းရောမပင်ပန်းဘူးလား?"

"ဟင့်အင်း၊ တကယ်တော့ အရင်ကထက်တောင် ပိုသက်သာသွားသေးတယ်"

ရန်ဇီ အံ့အားသင့်သွားတယ်။ "ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့ စီးအီအိုတစ်ယောက်လုပ်ရမယ့်အလုပ်တွေကို ကျွန်တော်ဆက်လုပ်စရာ မလိုတော့ဘူးလေ၊ ကျွန်တော်လုပ်ရမယ့်အလုပ်ကိုပဲ လုပ်ဖို့လိုတယ်၊ အဲဒါကြောင့် အများကြီးပိုသက်သာတယ်"

ရန်ဇီ စဉ်းစားကြည့်လိုက်တယ်။ " ငါကမင်းကို အလုပ်တွေပိုခိုင်းတယ်လို့ စောင်းပြောနေတာလား?"

"ကျွန်တော်ဘာမှ စောင်းပြောမနေပါဘူး၊ အရမ်းကို တဲ့တိုးကြီးပြောနေတာလို့ ထင်တာပဲ"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now