POBE Ch-17

3.5K 710 20
                                    

Unicode

"ဒီလူက တကယ်ငါ့အစ်ကိုအရင်းရော ဟုတ်ရဲ့လား?"
ရန်ဇီ သူ့ဖုန်းမျက်နှာပြင်ပေါ်က ခေါ်ဆိုမှုပြီးဆုံးသွားတဲ့အကြောင်း ပြနေတာကို မပျော်မရွှင် စိုက်ကြည့်နေမိတယ်။

ကုရှောင်ရှန်း ပြုံးလိုက်တယ်။
"မင်းတို့နှစ်ယောက်က တကယ်ဘာမှမတော်စပ်သလို ခံစားရတယ်၊ မင်းသာ သူ့ရဲ့တစ်ဝက်လောက်ပဲ ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်တတ်မယ်ဆိုရင်....."

ကုရှောင်ရှန်းက စကားကို အဆုံးထိမပြောဘဲ တိုးလို့တန်းလန်း ထားထားတယ်။ အဲဒါက ရန်ဇီရဲ့နှလုံးသားကို ကလိကလိဖြစ်စေတာကြောင့် သူမျက်တောင် တဖျတ်ဖျတ်ခတ်ရင်း မေးလိုက်တယ်။ "အဲဒါဆိုရင်?"

ရှေ့တူရှုကိုပဲ ကြည့်နေရင်းက ကုရှောင်ရှန်းက ရယ်လိုက်ပြီး.... "အဲဒါဆိုရင် ငါမင်းနဲ့ ဒီလောက်အကြာကြီးထိ အဆင်ပြေပြေ နေနိုင်မှာမဟုတ်ဘူး"

ရန်ဇီ အဲဒီအကြောင်း တွေးကြည့်လိုက်တယ်။ "အစကတော့ မင်းငါ့အစ်ကိုကို သဘောကျမှာပဲလို့ တွေးမိနေသေးတာ၊ ဒါပေမဲ့ မင်းတို့က တစ်ယောက်နဲ့တစ်ယောက် သိပ်အစေးမကပ်တာ ငါတွေ့ခဲ့ရတယ်"

ကုရှောင်ရှန်းနဲ့ ယွီယွင်ထောင်က တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် သိပ်အစေးမကပ်ကြဘူး။ ဒါပေမဲ့ ဒီအကြောင်းကို သူလွယ်လွယ်နဲ့တော့ ဝန်ခံမှာမဟုတ်ဘူး။ အားလုံးထက် သူတို့မိသားစုနှစ်ခုမှာ ရင်းနှီးတဲ့ဆက်နွယ်မှုတွေရှိပြီး သူတို့က ရေရှည်စီးပွားမိတ်ဖက်တွေ ဖြစ်ခဲ့ကြတာ။ အဲဒါကြောင့် ကုရှောင်ရှန်းက ကားမောင်းတဲ့အပေါ်မှာသာ အာရုံစိုက်ထားပြီး ရန်ဇီပြောတာကို မကြားသလို လုပ်နေလိုက်တယ်။

ရန်ဇီ ကုရှောင်ရှန်းရဲ့ အာရုံစိုက်ပြီး ကားမောင်းနေတဲ့ပုံလေးကို လှည့်ကြည့်လိုက်တယ်၊ __ဟန်ဆောင်နေတာ ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့ပုံစံက တကယ်စောက်ရမ်း ဆွဲဆောင်မှုရှိနေရော။ ကားထဲက အလင်းရောင်က ခပ်ဖျော့ဖျာ့သာ၊ မှုန်ဝါးဝါးအလင်းရောင်က ကုရှောင်ရှန်းကမျက်နှာပေါ်က ထင်ရှားတဲ့အကောက်အကွေ့တွေကို ပေါ်လွင်နေစေတယ်၊ အထူးသဖြင့် အဲဒီနှာတံ၊ ချွန်ထက်နေတာပဲ။ ရန်ဇီ သေချာထုဆစ်ပုံဖော်ထားတဲ့ သူ့အစ်ကိုရဲ့ပုံစံကို တွေးတောလိုက်တယ်၊ ပြီးတော့ နူးညံ့လှပတဲ့ဟောကျွင်း ___နှစ်ယောက်လုံးရဲ့ပုံစံကတောင် ကုရှောင်ရှန်းကိုဆွဲဆောင်ဖို့ မလုံလောက်သေးဘူးလား? ရန်ဇီ မမေးဘဲကိုမနေနိုင်တော့ဘူး။
"အဲဒါဆိုရင် မင်းကဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ?"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now