POBE Ch-52

2.2K 446 28
                                    

Unicode

ရန်ဇီရဲ့စိတ်ဝိဉာဉ်က ချက်ချင်းကို တက်ကြွသွားတော့တယ်။

သူကအမြဲတမ်းဒီလိုပဲ၊ သူ့စိတ်ခံစားချက်တွေက မြန်မြန်တက်တတ်, ကျတတ်တယ်။ သူ့စိတ်ခံစားချက်တွေက အလွယ်တကူ လွှမ်းမိုးခံရနိုင်ပေမဲ့ ခြုံကြည့်လိုက်ရတော့ အချိန်အများစုမှာ သူက ပိုပြီးပျော်ပျော်နေတတ်တယ်။

ဖုန်းချပြီးတဲ့နောက်မှာ ရန်ဇီ တောင့်တမှုတွေပြည့်နေတဲ့ နှလုံးသားတစ်စုံနဲ့ အိပ်ယာဝင်ခဲ့တယ်။ အိပ်မက်တွေကင်းတဲ့ ညတစ်ညကို ဖြတ်သန်းခဲ့ရပြီး တက်ကြွစွာနဲ့ သူအိပ်ရာနိုးလာခဲ့တယ်။ ပြတင်းပေါက်အပြင်မှာ မိုးဖွားလေးတွေကျနေပြီး နေရာတစ်ခုလုံးကို လွမ်းဆွေးမှုတွေနဲ့ လွှမ်းခြုံထားသလို ဖြစ်နေစေတယ်။ ရန်ဇီ ပြတင်းပေါက်ကနေ ခေါင်းထုတ်ကြည့်လိုက်တော့ လေအေးတွေက သူ့မျက်နှာကို ဖြတ်တိုက်သွားပြီး သူ့ကိုတုန်သွားစေတယ်။ အနွေးဓာတ်ရအောင်လို့ သူ့အနွေးထည်ကို အမြန်ပဲ ဆွဲစိလိုက်တယ်။

ရန်ဇီ အစောကြီးထရတဲ့ အကြောင်းရင်းက ကုရှောင်ရှန်းနဲ့ 'တိုးလိုတိုးငြား' ဥယျာဉ်ထဲကို လမ်းလျှောက်ထွက်မလို့ဖြစ်တယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ရှုကျင်းယီနဲ့လည်း သွားသွားတိုးတတ်တယ်၊ ရှုကျင်းယီကလည်းသူ့လိုပဲ ကုရှောင်ရှန်းအတွက် လာတယ်လို့တောင် သူသံသယဝင်လာတယ််။ မဟုတ်ရင် ရာသီဥတု ဘယ်လိုဖြစ်နေနေ မနက်အစောကြီး ထလာရတဲ့တခြားအကြောင်း ဘာရှိဦးမှာလဲ?

ထုံးစံအတိုင်း ရှုကျင်းယီက သူ့ရှပ်အင်္ကျီရဲ့ ပထမကြယ်သီး တစ်လုံးနှစ်လုံးကို မတပ်ဘဲထားထားတယ်။ လေတိုက်တိုက်ထဲမှာရပ်နေတဲ့ သူ့ကိုယ်နေဟန်ထားက ဂေါက်ကွင်းထဲက အလံတိုင်လို ဖြောင့်တန်းနေတာပဲ။

ရန်ဇီ့မျက်နှာက သေးသေးလေး။ မာဖလာအကြီးကြီးကို ပတ်ထားတော့ သူ့မျက်နှာတစ်ဝက်လောက်က မာဖလာထဲမှာမြုပ်နေတယ်။ တောက်ပနေတဲ့ မျက်ဝန်းနက်တစ်စုံသာ ပေါ်နေပြီး သူက ရှုကျင်းယီကို သတိအပြည့်နဲ့ ကြည့်နေလေတယ်။ ရှုကျင်းယီက သူ့ကိုပြုံးပြလိုက်ပြီး....
"ဂွတ်မောနင်း ဥက္ကဌရန်"

ရှုကျင်းယီက အမြဲတမ်းသူ့ကို ဥက္ကဌဆိုပြီး လေးလေးစားစားနဲ့ ခေါ်နေပေမဲ့လည်း ရှုကျင်းယီရဲ့အသံထဲမှာ ဘာလေးစားမှုမှ မပါဘူးဆိုတာ ရန်ဇီ ခံစားမိတယ်၊ အဲဒီအစားသူက သူ့ကိုလှောင်နေသလိုပဲ။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now