POBE Ch-27

3.3K 839 96
                                    

Unicode

ဒါကပဲ ရန်ဇီနဲ့ပတ်သက်လာရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ သက်သေပြနေတာပဲ။ 

ရန်ဇီက ဒီကိစ္စကို စိတ်ထဲကနေ ထုတ်လိုက်ပြီးပြီ။ ဟောကျွင်းကသူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုပေမဲ့လည်း သူကလည်း ဟောကျွင်းကို ဆော်ပစ်ခဲ့သေးတာပဲလေ။ ဟောကျွင်းရောသူရော အခုအဆင်ပြေနေကြပြီဆိုတော့ ကိစ္စတွေကို ပြီးဆုံးသွားပြီလို့ စဉ်းစားလို့ရတယ်၊ သူတို့ချင်း ဆက်အငြင်းပွားနေစရာ ဘာမှမရှိတော့ဘူး။ ပြီးတော့ ဆွေးနွေးပွဲရဲ့ခေါင်းစီးပိုင်းမှာ နေရာရနေတယ်ဆိုတာ သူမသိဘူးလေ၊ ဒါကြောင့် ပျော်ပျော်ရွှင်ရွှင်ပဲ သူ့ကုမ္ပဏီပွဲမှာ လာဘ်ကောင်လေးဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ ထွက်လာခဲ့လိုက်တယ်။ ဇီရွှမ်းရဲ့ မျက်ကွင်းညိုတွေကိုတွေ့တော့ ပုခုံးကိုပုတ်လိုက်ပြီး...
"အားရွှမ်းရ၊ မင်းကိုယ်မင်း  အလုပ်တွေ တအားမခိုင်းပါနဲ့! နားဖို့လိုနေရင် နားလိုက်သင့်တယ်!"

ဇီရွှမ်းက ဒီအကြောင်းကို စဉ်းစားလိုက်တယ်၊ ဒါပေမဲ့ အခု ယွီအုပ်စုက ဒုသခင်လေးယွီက ဂေးနေတယ်ဆိုတဲ့အကြောင်း လူတစ်ဝက်လောက် သိကုန်ပြီဆိုတာကို ရန်ဇီကို ပြောပြချင်စိတ်ကို မနည်းထိန်းနေရတယ်။ 

ပွဲက အောင်အောင်မြင်မြင် ပြီးသွားမှပဲ ရန်ဇီ အိမ်ပြန်လာလိုက်တယ်။ လေယာဉ်ဆိုက်တာနဲ့ သူကုရှောင်ရှန်းဆီ စာပို့လိုက်တယ်။
"ငါပြန်ရောက်ပြီ၊ ဒီည ညစာအတူတူ စားရအောင်!"

ကုရှောင်ရှန်းက သဘောတူတဲ့အကြောင်း အကြောင်းပြန်လာတယ်။ တစ်ခဏလောက်ကြာတော့ ကုရှောင်ရှန်းက နောက်စာတစ်စောင် ထပ်ပို့လာတယ်။
"အိမ်ကိုအရင်မပြန်ဘဲနဲ့၊ ငါ့နေရာကို အရင်လာလိုက်ပါလား"

ရန်ဇီ စာကို သဘောမပေါက်သေးခင်မှာပဲ ဆိုက်ရောက်ခန်းမအပြင်ဘက်မှာ ရပ်ထားတဲ့ လက်ထိုးဂီယာချိန်းနိုင်တဲ့ vintageကားတစ်စီးကို တွေ့လိုက်ရပြီး သုန်မှုန်နေတဲ့မျက်နှာနဲ့ သူ့ကိုစောင့်နေတဲ့ လူအိုကြီးယွီကိုပါ တွေ့လိုက်ရတယ်။ ချက်ချင်းဆိုသလို ရန်ဇီ တောင့်တင်းသွားပြီး သူ့အဖေနောက်ကနေ ကားထဲကို လိုက်သွားလိုက်တယ်။ 

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang