POBE Ch-38

3.2K 723 46
                                    

Unicode

လူအိုကြီးယွီက ဘာတစ်ခုမှမပြောဘဲ ခေါင်းသာငြိမ့်ပြလိုက်ပြီး ထမင်းသာဆက်စားနေတယ်။ ရန်ဇီကပဲ အံ့ဩရတဲ့သူဖြစ်သွားတယ်။
"အဖေ၊ အဖေစိတ်မဆိုးဘူးလား?"

"ငါကဘာကို စိတ်ဆိုးရမှာလဲ?"

"သူ...သူဒီရောက်နေတာတောင် အဖေ့ကိုလာမတွေ့ဘူးလေ?"

လူအိုကြီးယွီ ခေါင်းငြိမ့်လိုက်တယ်။
"ဒီလိုလုပ်တာက တကယ်ကို ယဉ်ကျေးမှုမရှိတာပဲ၊ ဒါပေမဲ့ သူတို့ကလူငယ်တွေလေ၊ ဒီလိုခိုးတွေ့တာမျိုးက ပိုစိတ်လှုပ်ရှားဖို့ကောင်းပြီး ပိုပျော်ဖို့ကောင်းတယ်၊ အဖေနားလည်ပါတယ်"

ဒီတစ်ကြိမ်တော့ ရန်ဇီ့မေးရိုးက တကယ်ကိုပြုတ်ကျသွားတော့တယ်။ လူအိုကြီးယွီက ထပ်ပြီး ခပ်ပြုံးပြုံးနဲ့ပြောလာတယ်။
"မင်းသိလား၊ ငါလည်းတစ်ခါက လူငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးတာပဲ၊ အဲဒီအချိန်တုန်းကဆို မင်းသိလား....."

ရန်ဇီ သူ့နားရွက်တွေကို လက်နှစ်ဖက်နဲ့ အမြန်အုပ်လိုက်ပြီး... "မသိဘူး၊ မသိချင်ဘူး!"

လူအိုကြီးယွီက လှောင်လိုက်တယ်။
"မင်းကိုပြောပြမှာကျနေတာပဲ"
အဲဒီနောက် သူကဆက်ပြီးစားသောက်နေတော့တယ်။

တစ်ချိန်တည်းမှာပဲ ကုသခင်ကြီးကလည်း သူ့သားနဲ့ အချစ်အကြောင်း အိမ်ထောင်ရေးအကြောင်းတွေ ဆွေးနွေးနေတယ်၊ __အဲဒါက ကုသခင်ကြီးဘက်ကနေ တစ်ဖက်သတ် မေးမြန်းနေတာလို့လည်း ပြောလို့ရတယ်။
"မင်းနဲ့ရှုကျင်းယီကြားမှာ အခြေအနေဘယ်လိုရှိလဲ?"

ကုသခင်ကြီးက နေရခက်တဲ့လေထုကြီး ဖြစ်လာတာကနေ ကာကွယ်ဖို့ရယ်၊ သူ့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မရှည်ဖြစ်မနေဘူးဆိုတာ ပေါ်နေစေဖို့ရယ်အတွက် တမင်ကို မျှော်လင့်ချက်မထားထားသလို လေသံမျိုး,စကားလုံးမျိုးကို သုံးပြီးမေးလိုက်တယ်။ ဒါကြောင့် ကုရှောင်ရှန်းကလည်း မရေမရာမပြတ်မသားနဲ့ ပြန်ဖြေလိုက်တယ်။
"ကျွန်တော်တို့စကားဝိုင်းက အတော်လေးအဆင်ပြေခဲ့ပါတယ်၊ ကျွန်တော်တို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်ရင်ကောင်းမယ်၊ နောက်တစ်ကြိမ်ကျရင် အခွင့်အရေးရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ စီးပွားရေးပါတနာတွေတောင် ဖြစ်လာနိုင်တယ်"

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now