POBE Ch-7

4.4K 919 37
                                    

Unicode

ရန်ဇီ သူ့ဖုန်းက ရုတ်တရက်တုန်ခါလာတဲ့အတွက် သူလန့်သွားတယ်။___ဘုရားရေ၊ အိပ်ခန်းထဲဝင်ဖို့ ပါမစ်ရထားပြီးတာ သေချာပေမဲ့လည်း သူ့စိတ်ထဲမှာ တစ်နည်းနည်းနဲ့ အပြစ်ရှိသလို ခံစားနေရတယ်၊ သူဒီလိုဖြစ်မနေသင့်ဘူး။ ဒါကိုကြည့်ရုံနဲ့ ဒီဘဝမှာ မကောင်းမှုတွေလုပ်ဖို့က သူနဲ့တကယ်ကို မသင့်တော်လှတဲ့အလုပ်ဆိုတာ သိလိုက်ရတော့တယ်။

သူ့လက်ဖဝါးတစ်ခုလုံး ချွေးအေးတွေထွက်နေတယ်။ ဟောကျွင်း ပို့လာတဲ့မက်ဆေ့ဂ်ျကိုကြည့်ဖို့အတွက် အိတ်ကပ်ထဲကဖုန်းကို ထုတ်ယူလိုက်တယ်။ အဲဒီအချိန်ကျမှ သူ့ကိုအကြောင်းပြန်မယ်လို့ ကတိပေးထားတာကို လုံးဝမေ့နေတာ သတိပြုမိသွားတယ်။ ဒါပေမဲ့ ဟောကျွင်းပို့တဲ့စာက ဒီအကြောင်းကို သတိပေးချင်လို့မဟုတ်ဘဲ အရက်နာကျသက်သာစေတဲ့ လက်ဖက်ရည်အတွက် ပါဝင်ပစ္စည်းတွေအကြောင်း ပြောပြထားတာဖြစ်တယ်။ သူပြောပုံအရတော့ ရန်ဇီအတွက် အတော်အကျိုးပြုတယ်ဆိုပဲ။

ရန်ဇီ ရှက်ရွံ့သွားပြီး ချက်ချင်းကို ပြန်စာပို့လိုက်တယ်။
"ကျေးဇူးပါ၊ ငါအခုပဲ အစ်ကိုရှောင်ရှန်းကို ဖုန်းခေါ်ပြီးတယ်၊ အကုန်အဆင်ပြေပါတယ်တဲ့၊ သူအလုပ်အရမ်းရှုပ်နေရုံပါပဲ၊ စိတ်မပူနဲ့တော့"

"ကျေးဇူးအများကြီးတင်ပါတယ်၊ အခုမှပဲ စိတ်သက်သာရာရသွားတော့တယ်၊ ဒါနဲ့ မေးတဲ့လူက ကျွန်တော်ဆိုတာ သူသိပါတယ်နော်?"

ရန်ဇီ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။
"ငါမပြောလိုက်ဘူး"

"ကောင်းတယ်၊ ကျွန်တော့်ကို အရမ်းနားပူနားဆာလုပ်တဲ့လူလို့ သူထင်သွားမှာ တကယ်စိုးရိမ်နေတာ"

ရန်ဇီ စိတ်ပျက်အံ့အားသင့်သွားတယ်။
ဘာ? ဒီလိုလား? ဟောကျွင်းက စိတ်ပူပေးနေတာကိုသိရင် အစ်ကိုရှောင်ရှန်းတစ်ယောက် ရင်ထဲထိသွားမှာလို့ ငါထင်နေတာလေ! အစ်ကိုရှောင်ရှန်းကို ပြောလိုက်သင့်..... ခဏ! မဟုတ်သေးပါဘူး....

ဒီလိုတွေးမိတော့ ရန်ဇီ သူ့အတွေးတွေကသူ့ကို ပြန်သတိပေးသလိုဖြစ်သွားတယ်။
ငါဘာတွေလုပ်နေတာလဲ? လူတွေငါ့ကို မကောင်းမြင်အောင် ဘာလို့လုပ်နေမိတာလဲ? ငါဒီလောက်တောင် အကြင်နာမဲ့ရလား?

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now