POBE Ch-3

6.1K 892 36
                                    

Unicode

"အခုက တကယ်ပဲ၂၀၂၈လား?"
ရန်ဇီ အိပ်ရာပေါ်ကိုပစ်လှဲလိုက်ပြီး ကြောင်တစ်ကောင်လို ကွေးနေလိုက်ကာ ကုရှောင်ရှန်းကို အလုံးစုံမယုံကြည်နိုင်တဲ့ပုံနဲ့ စိုက်ကြည့်နေမိတယ်။ ကုရှောင်ရှန်းက သူ့ရဲ့အဓိပ္ပါယ်မရှိတဲ့မေးခွန်းကို လျစ်လျူရှုလိုက်လေတယ်။ ဒါကြောင့် သူ့ရဲ့မေးခွန်းကိုအတည်ပြုပေးလိုက်သလိုမျိုး သူခံစားလိုက်ရတယ်။ လမ်းတွေပတ်လျှောက်ပြီးတဲ့နောက် သူ့ရဲ့ဖုန်း၊ သူ့ကွန်ပျူတာ၊ သူဝေါ်လ်တာနဲ့စကားပြောထားတာတွေကိုကြည့်လိုက်တော့ အကုန်လုံးက ၂၀၂၈ခုနစ်ကိုရောက်နေတယ်ဆိုတဲ့ တူညီတဲ့အဖြေတစ်ခုတည်းကိုသာ ပေးနေလေတယ်။

"မဖြစ်နိုင်ဘူး!"
ရန်ဇီ သူ့ကိုယ်သူ တကယ်ဒီလိုပြောလိုက်ချင်မိတယ်။

ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ဘာကများမဖြစ်နိုင်လွန်းနေတာလဲ?

ကုရှောင်ရှန်းနဲ့သူက ဂျိန်းတောင်ဂျိန်းပြီးနေပြီလေ။

အခုတော့ အရာအားလုံးကဖြစ်နိုင်နေပြီ။

အမှန်တရားကတော့ သူနိုးလာတဲ့အချိန်မှာ ရှေ့အနာဂတ်ဆယ်နှစ်ကိုရောက်သွားပြီး ကုရှောင်ရှန်းနဲ့တောင် လူးလှိမ့်ခဲ့တယ်ဆိုတာပဲ။

ကုရှောင်ရှန်းပြောသလိုမျိုးပဲ။ ရန်ဇီက အလွန်စွဲစွဲမြဲမြဲရှိပြီး သူ့ရဲ့ဖြစ်ပျက်ပြောင်းလဲနေသမျှ ဘယ်လိုအပြောင်းအလဲကိုမဆို လိုက်လျောညီထွေ နေနိုင်စွမ်းရှိတယ်ဆိုတဲ့ သူ့နာမည်ကိုရုပ်လုံးဖော်နေလေတယ်။ သူက အမှန်တရားကို မြန်မြန်ဆန်ဆန်ပဲ တည့်မတ်နိုင်ပြီး ပြီးရင်အဲဒီအမှန်တရားကို စတင်လက်သင့်ခံလိုက်တော့တာပဲ။

အမှန်တရားကိုလက်ခံတဲ့နေရာမှာ ဘာအခက်အခဲ ကြီးကြီးမားမားမှကို မရှိလေဘူး။

၂၀၂၈ ခုနှစ်မှာ နည်းပညာတွေတောင် တော်တော်ကြီးတိုးတက်နေပြီဖြစ်ပြီး အရာအားလုံးကိုလည်း လွယ်လင့်တကူရနိုင်နေပြီဖြစ်တယ်။

သူ့ရဲ့လူနေမှုဘဝအတွက်ကတော့ ကုရှောင်ရှန်းနဲ့ ဒီလိုရင်းနှီးကျွမ်းဝင်နေတာနဲ့ပတ်သက်ပြီး သူ့မှာတကယ်ကို ဘာကန့်ကွက်ချက်မှမရှိလေဘူး။ သူ့ရဲ့မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတာဖြစ်နိုင်ပေမဲ့လို့ သူ့ခန္ဓာကိုယ်ကတော့ အရမ်းကိုရိုးသားနေတုန်းပဲ။ ကုရှောင်ရှန်းကသူ့ကို အတော်လေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ပြီးတော့ အတိတ်တုန်းကထက် အများကြီးပိုပြီးနီးကပ်လာတဲ့ သူတို့ရဲ့အပြုအမူအပြောအဆိုတွေအပေါ်လည်း တဖြည်းဖြည်းနဲ့ အသားကျလာခဲ့ပြီ။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now