POBE Ch-33

3.3K 773 47
                                    

Unicode

ကုရှောင်ရှန်း နားလည်တယ်၊ ရန်ဇီ မပျော်မရွှင်ဖြစ်သွားမှာက သူနောက်ဆုံးမှလိုချင်တဲ့အရာဆိုတာ။
(သူမပျော်မရွှင် ဖြစ်သွားမှာကို ဖြစ်နိုင်ရင် နံပါတ်စဉ်နောက်ဆုံးကို ပို့ထားလိုက်ချင်တယ်ဆိုတဲ့သဘော၊ သူပျော်ဖို့က နံပါတ်တစ်ဦးစားပေးဆိုတာမျိုး အယ်လယ့်)

**

မွန်းကြပ်စရာ တိတ်ဆိတ်မှုကြားမှာ စာတစ်စောင်ဝင်လာတဲ့အသံက အနေရခက်မှုကြီးကို ကယ်တင်လိုက်လေတယ်။ ရှေ့နေ့ကနေ ကုရှောင်ရှန်းဆီကို ပို့လိုက်တဲ့စာဖြစ်ပြီး စာရွက်စာတမ်းတချို့ကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုထားခြင်းဖြစ်တယ်။ ခေါက်ဆွဲစားပြီးနောက် ကုရှောင်ရှန်းက ရန်ဇီကို ကျေးဇူးတင်လိုက်ပြီး ထထွက်သွားခဲ့တယ်။

အသင့်စားခေါက်ဆွဲထုပ်ရဲ့အနံ့က ဒီပူဆွေးသောကရောက်နေမှုကြီးလိုပဲ၊ အတော်လေးကိုဈေးပေါပြီး သိသာလှတယ်။ ပြတင်းပေါက်တွေရော တံခါးတွေပါ ပိတ်ထားတာကြောင့် အနံ့က တော်တော်နဲ့မပြယ်သွားနိုင်ဘူးဖြစ်နေတယ်။ အာရုံပြောင်းချင်တာကြောင့် ရန်ဇီလည်း အပြင်ကိုထွက်ဖို့ ရွေးချယ်လိုက်တယ်။ ဒါပေမဲ့ အဲဒါက လူတွေပုံမှန်အားဖြင့် အာရုံပြောင်းချင်လို့ လမ်းလျှောက်တာမျိုးနဲ့တော့ ကွာခြားလေတယ်။ ရန်ဇီက ဦးတည်ရာမဲ့ လမ်းလျှောက်နေတာတော့မဟုတ်ဘူး။ သူသွားချင်တဲ့နေရာက ရှိပြီးသား၊ အဲဒီနေရာက လူအိုကြီးယွီပို့လိုက်တဲ့ ဆောင်းပါးတွေထဲမှာပါတဲ့ နေရာတစ်ခုဖြစ်တယ်၊ __ဆည်းဆာရောင်အောက်က ဖန်သားပြင်လို ခပ်မှိန်မှိန်တောက်ပနေတဲ့ ပင်လယ်ပြင်ကြီး။

အဲဒီနေရာရဲ့မြင်ကွင်းက ပန်းချီကားတစ်ချပ်လိုပဲ၊ ရှုခင်းသာနေရာတစ်ခုဖြစ်တယ်။ အဲဒီအကြောင်းတရားကြောင့်ပဲဖြစ်မယ်၊ သူမကိုယ်သူမ ရိုမန့်တစ်ဆန်တဲ့စတိုင်ဖမ်းထားတဲ့ ထန်းကောကောတစ်ယောက် သူ့သားနဲ့အတူ သတ်သေမယ်လို့ ခြိမ်းခြောက်ဖို့ ဒီနေရာကိုရွေးချယ်ခဲ့တာ။ ဒီရှုခင်းကိုကြိုက်လို့လည်း ထန်းကောကောတစ်ယောက် ပင်လယ်နဲ့အရမ်းနီးတဲ့နေရာမှာ ဗီလာတစ်လုံးဆောက်ပြီး အိမ်လို့သတ်မှတ်ခဲ့တာဖြစ်မယ်။ ရန်ဇီ ရုတ်တရက်ဆိုသလို ပင်လယ်ပြင်ကြီးက ဘယ်လိုပုံမျိုးဖြစ်မလဲဆိုတာကို ကြည့်ချင်မိခဲ့တယ်။ ထန်းကောကောရဲ့ ဗီလာဘေးတံခါးကနေဆို သူ အကောင်းဆုံးမြင်ကွင်းရှိတဲ့ ဆိပ်ကမ်းနေရာကို ရောက်နိုင်လိမ့်မယ်။

POBE:ဥက္ကဌလေးရဲ့ဂေးခြင်းအနုပညာ (ဘာသာပြန်)Where stories live. Discover now