Chapter -35

11.8K 2.4K 218
                                    

Zawgyi

"ကော...  ရတယ် ကျွန်တော့်အတွက် သိုင်းကျင့်စဉ်တွေ မလိုဘူး"လို့သာ ရှောင်လျန့်စန်းဟာ ပြောလိုက်ရတော့သည်၊မဟုတ်ရင် ဘေးကမတော်ရသေးသည့် ယောက်ဖတွေကြောင့် သွေးအန်သေနိုင်လောက်တယ်၊

" သုံးသိန်း ရှစ်သောင်း... ဒီထက် ပိုပေးမဲ့သူရှိသေးလား" ယင်ရဲ့အသံကြောင့် သူတို့လည်း မကြာခင် ထိုသိုင်းကျင့်စဉ်ဟာ ရောင်းထွက်တော့မည်ကို သိလိုက်ကြတော့သည်၊ ထင်သည့်အတိုင်း သုံးသိန်း ရှစ်သောင်းနဲ့ရောင်းထွက်သွားတော့သည်၊ ရွှေရောင်အဆင့်သိုင်းစာအုပ်ကို သုံးသိန်းရှစ်သောင်းနဲ့ရတာ တန်သလို လေလံတင်တဲ့သူအတွက်လည်းထိုအမောက်ကတန်တယ်ပြောရမှာပဲလေ၊

"နောက်တစ်မျိုးကတော့...အားလုံးစောင့်မျှော်နေတဲ့ ပစ္စည်းတွေထဲက တစ်မျိုးဖြစ်တယ်...ယန် လူကြီးမင်းတွေကို ဘာပစ္စည်းမှန်းသိအောင် ပြောပြလိုက်ရအောင်"လို့ ပြောလိုက် ယန်ရဲ့မျက်လုံးများဟာ တစ်ချက်လက်ခနဲဖြစ်သွားပြီး သိုလှောင်လက်စွပ်ထဲကနေ ပစ္စည်းတစ်မျိုးကို ထုတ်လိုက်သည်၊ အနီပိတ်စအုပ်ထားတာကြောင့် ဘာပစ္စည်းမှန်းမသိပေမယ့် ဘေးပတ်လည်ရှိ အေးစက်သည့်အငွေ့အသက်များကတော့ လူတိုင်းရဲ့အာရုံကိုဖမ်းစားစေရန်လုံလောက်သည်၊ဒါ သူတို့ကြားထားသည့် သတင်းကအမှန်ပင်ပဲလား၊

"ဒီတစ်ခေါက် လေလံတင်မဲ့ပစ္စည်းကတော့ လူကြီးမင်းတို့ကို အံ့သြသွားစေလောက်တယ်... အေးခဲပြီး ချီသိပ်သည်းတဲ့အရပ်ဒေသမှာဘဲ ပေါက်ရောက်နိုင်တဲ့... ရေခဲပန်းသစ်တော်ပဲ"လို့ ယင်ဟာပြောလိုက်ရင်း ပိတ်စအနီကို ဖယ်လိုက်တော့သည်၊

ကိုယ်ထည်ဟာ ဖန်သားလို ကြည်လင်နေရုံမက အရွက်ကအစ ကြည်လင်နေသည့် ထိုအသီးဟာ နှစ်ငါးထောင်ကျော်မှာ ငါးလုံးထက်ပိုမသီးနိုင်တဲ့အသီးဖြစ်သည်၊အကုန်လုံးဟာ ရေခဲပန်းသစ်တော်ကိုကြည့်ပြီး အံ့အားသင့်ကုန်ကြတော့သည်၊အထူးခန်းကလူအချို့သာ အနည်းငယ် အိနြေ္ဒသိမ်းထားကြပေမယ့် သူတို့မျက်ဝန်းများဟာလည်း လိုချင်တပ်မက်စိတ်များ ပြည့်သိပ်နေသည်၊

ဒါကုန်းချန်အဆင့်အသီးလေ၊တကယ်လို့ သူတို့အဖွဲ့ထဲက ကုန်းချန်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ကျောင်းရှီအဆင့်ကိုရောက်ရှိခဲ့ရင် သူတို့ရဲ့ဂုဏ်သတင်းဟာပိုမိုကျော်ကြားလာနိုင်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now