Chapter - 13

17.1K 2.4K 172
                                    


Zawgyi

" ဟေး... လွှတ်အုံး... ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားရဲ့ ကြင်ယာတော် ဖြစ်ရမှာလဲ!"

"ဖေးရန် မင်း နဂါးခုနှစ်ဖော်ရဲ့ကြင်ယာတော် အကြောင်းကြားဖူးလား" ရီယွမ်ရှန့်ဟာ အမှောင်ထဲမှာပင် လင်းလက်နေသလားထင်ရသည့် နက်ပြာရောင်ဆံနွယ်ဖျားလေးကို ဆွဲယူရင်း မေးလိုက်သည်၊

'....'

ငါ့ရုပ်က ဗဟုသုတတွေနဲ့ ပြည့်စုံနေတဲ့ရုပ်ပေါက်နေလား၊ ဟိုနေ့တစ်နေ့ကမှ ငါက Piao Yuနဂါးရဲ့ဝိညာဉ်ဆက်ခံတဲ့သူဖြစ်တာသိပြီး၊စွမ်းအင်ကျင့်ရင် ပေါ်လာတဲ့နတ်ဘုရားမအကြောင်းတောင် မသိသေးဘူး! အခု ဘာအကြောင်းတွေ ပါလာပြန်ရတာလဲ!

'သူများတွေ ကိုယ့်ရေးတဲ့ဇာတ်လမ်းထဲဝင်သွားရင် မဟုတ်ဘူး အခြားသူတွေ သူများရေးတဲ့ဇာတ်လမ်းထဲဝင်သွားရင်တောင် အကြားမြင်ဆရာကြီးတွေကျပြီး လူတကာရဲ့အထင်ကြီးခံရသေးတယ်! ငါဆိုတဲ့ဝမ်ဖေးရန်ကတော့ ကိုယ်ရေးတဲ့ဇာတ်လမ်းထဲမှာတောင် မျက်စိသူငယ်နားသူငယ်လေးနဲ့ ဆိုးဝါးလိုက်တဲ့ဘဝ'

[System: ညီးမနေနဲ့ နင့်ဇာတ်လမ်းက စုတ်ပြတ်သတ်နေပြီး သုံးစားလို့မှ မရတာကိုး] သူရဲ့ချစ်ရစွာသောSystemက အမြဲအနာပေါ် ဆားသိပ်တာပဲ၊

'.....' စကားတစ်ခွန်းနဲ့ သွေးအန်အောင် လုပ်နိုင်တဲ့ဥမ

ဝမ်ဖေးရန်ဟာ အူကြောင်ကြောင်လေးဖြင့် ခေါင်းလေးခါယမ်းလိုက်ပြီး မသိကြောင်းပြောပြလိုက်သည်၊ထိုအခါ ယွမ်ရှန့်လည်း ချောင်းတစ်ချက်ဟန့်ကာ ရှင်းပြလာတော့သည်၊

တစ်ချိန်တစ်ခါတုန်းက နဂါးတွေရဲ့ခေါင်းဆောင် မှော်သားရဲတွေကို အုပ်စိုးတဲ့ဘုရင်ဖြစ်တဲ့ မဟူရာနဂါးကြီးဟာ ကမ္ဘာ့ပထဝီချော်ရည်ကနေ ဖွားမြင်လာခဲ့သည်၊

ခေါင်းဆောင်အော်ရာနဲ့အတူမွေးဖွားလာသည့် နဂါးဘုရင်ကြီးကို လောကရဲ့သဘာဝကိုစောင့်ရှောက်သည့်နဂါးမလေး နဲ့ ချစ်ခြင်းမေတ္တာနဲ့ကျိန်စာကိုကိုယ်စားပြုသည့်သက်တံ့ရောင်အဆင်းရှိတဲ့ဖီးနစ်မလေးတို့ဟာ ပြိုင်တူချစ်ကျွမ်းဝင်ခဲ့သည်၊ဒါပေမယ့် မဟူရာနဂါးကြီးဟာ သဘာဝကိုစောင့်ရှောက်သည့်နဂါးမလေးကိုသာ ရွေးချယ်ခဲ့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now