Chapter-74

5.4K 839 20
                                    

Zawgyi

ချင်းကျန်ကွမ်(အကြီးအကဲချင်း)ဟာ ဒုတိယပြိုင်ပွဲရှိရာကို ရောက်လာပြီး သူဟာ အနိုင်ရရှိသူတွေကို ကြည့်ကာ

"မင်းတို့ဆယ်ယောက်က ရွေးချယ်ခံထားရတဲ့ပါရမီရှင်အဖွဲ့အဖြစ်ပူးပေါင်းပြီး ရှေးဟောင်းနယ်မြေကို သွားရလိမ့်မယ်၊နောက်သုံးရက်ကျရင် ပေချင်းဝူဂိတ်ဝမှာ ဆုံတာပေါ့" လို့ ပြောလိုက်ပြီးနောက်မှာ သူဟာ တခြားရှူံးနိမ့်သွားသည့်ဂိုဏ်းက သူတွေကို ဖြေသိမ့်ပေးရဦးမည်။ထိုလူတွေကအပြင်က ကျင့်ကြံသူတွေက ဂိုဏ်းကအတွင်းတပည့်တွေလောက် မတော်ဘူးလို့ ခံယူထားတာကြောင့် သူတို့နိုင်မည်ဟု တွက်ထားတာမလား၊အခုတော့ ရလဒ်ကပြောင်းပြန်ဖြစ်ကုန်ပြီ၊

"ရော့ ဒီသော့တွေ မပျောက်စေနဲ့" ချင်းကျန်ကွမ်ဟာ သူရဲ့သိုလှောင်လက်စွပ်ထဲကနေ သော့တစ်ချောင်းသာထည့်လို့ရသည့်သေတ္တာဆယ်ဗူးကို ထုတ်ယူကာ အနိုင်ရရှိသူ ဆယ်ယောက်ကို ပေးလိုက်သည်။ထိုနောက် မင်ထျန်းလော့တို့ဘက်ကို ကြည့်ကာ

"မင်းတို့ အပြင်မှာ တည်းဖို့နေရာမစီစဉ်ထားရသေးဘူးဆိုရင် ပေချင်းဝူဂိုဏ်းမှာ ဆက်တည်းနေလို့ရတယ်" ပြောလိုက်တော့ မင်ထျန်းလော့ဟာ ရှေ့ထွက်လာကာ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး

"အကြီးအကဲရဲ့ကြင်နာမှုကို မှတ်သားထားပါမယ်" တလေးတစားပြောလိုက်တော့ ချင်းကျန်ကွမ်ဟာ သဘောကျစွာ ရယ်မောလိုက်ပြီး

"မလိုဘူး မလိုဘူး" လို့ နှစ်ကြိမ်ပြောလိုက်ပြီး ထွက်သွားတော့သည်။

အကြီးအကဲထွက်သွားမှ ကျန်းဝေမေ့ဟာ မင်ထျန်းလော့ရှေ့ရောက်လာကာ ကျေးဇူးတင်စကားပြောဆိုပြီးနောက်မှာ ဝမ်ဖေးရန်ဆီသွားကာ သူမဟာ ဂါဝန်မကာ အရိုအသေပေးလိုက်သည်။

"ကျွန်မက ကျန်းဝေမေ့ပါ သခင်လေးရဲ့နာမည်ကို သိခွင့်ရှိနိုင်မလား"

ဝမ်ဖေးရန်ဟာ ကျန်းဝေမေ့ကို ကူညီပေးခဲ့ခြင်းမရှိဘဲနဲ့ အခုလို သူ့ဆီတသီးတသန့်လာနှုတ်ဆက်ချိန်မှာ အံ့သြသွားပေမယ့် သူလည်း ပြန်အရိုအသေပေးလိုက်ပြီး

"ကျွန်တော်က ဝမ်ဖေးရန်ပါ မိန်းကလေးကျန်း" လို့ပြောလိုက်တော့ ကျန်းဝေမေ့ဟာ ဝမ်ဖေးရန်ကို မော့ကာကြည့်လိုက်ပြီး သူမရဲ့ညိုဖျော့ရောင်မျက်ဝန်းများဟာ လေးစားမှုများနဲ့ပြည့်သိပ်နေတော့သည်။လူတစ်ယောက်ဟာ သာလွန်နေခြင်း၊ကယ်တင်ပေးခံရခြင်း၊ကူညီပေးခြင်း ထိုအရာတွေကြောင့် သူစိမ်းလူအပေါ် လေးစားလိုက်တတ်ကျပေမယ့် သူမကတော့ ထိုအရာတွေကနေ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now