Chapter. 8.1

18.7K 2.4K 99
                                    

Zawgyi

လွန်ခဲ့တဲ့နှစ်တစ်သိန်းခန့်က ကြီးမားသည့်တိုက်ပွဲကြီးကြားမှာ နတ်နဂါးရှစ်ပါးမွေးဖွားလာခဲ့တယ်၊

လောကကမ္ဘာငယ်များစွာကို အစိုးရသည့် မဟူရာနတ်နဂါးကြီးနဲ့ သုံးလောကရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့မိခင်နဂါးတို့ရဲ့သားတော်ရှစ်ပါးဟာ နတ်၊လူ၊နတ်ဆိုးစသည့်မျိုးနွယ်စုတွေရဲ့ဒုတိယတိုက်ပွဲကြီးမှာ မွေးဖွားလာခဲ့တယ်။နဂါးမျိုးနွယ်ပျက်သုန်းလအံ့ဖြစ်ခါနီးမှာ မွေးဖွားလာတဲ့သားတော်နဂါးရှစ်ပါးဟာ နဂါးမျိုးနွယ်စုကို အင်အားကြီးထွားစေတာ အမှန်ပေ၊

ပထမဆုံးနဂါးသားတော်

လော့လဲ(Luo le)က အစိမ်းရောင်ကြေးခွံတွေနဲ့ဖုံးအုပ်ထားပြီး ကြီးမားသည့်အစိမ်းရောင်အတောင်ပံ၊အင်အားကြီးကာ သန်မာသည့်စိမ်းရှည်ရှည်အမြှီးများ၊ဦးခေါင်းထက်၌ တော်ဝင်နဂါးကြီးမှန်းသိသာစေအောင် အရိုးတံခြောက်ခုဖြင့် ဖွဲ့စည့်ထားတဲ့ဦးချို(ဂျို)၊ခြေထောက်နဲ့လက်များရဲ့ထိပ်တွေလည်း သံမဏိထက် ပိုမိုခိုင်ခံ့သန်မာကာ ထက်သည့်ခြေသည်း၊လက်သည်းများဖြင့် ဖွဲ့စည်းထားတယ်။

လော့လဲဟာ လောကသုံးပါးရဲ့သစ်တောကြီး အစောင့်အရှောက်ဖြစ်ပြီး သူဟာ အဆိပ်နဲ့ပတ်သတ်ပြီး အသိပညာကြွယ်ဝရုံသာမက သူကိုယ်တိုင် အဆိပ်ကိုစားသုံးကာ အဆိပ်လမ်းစဉ်ကို လိုက်နာသူဖြစ်တယ်၊

ဒါကြောင့် လော့လဲ ရှေးဟောင်းနဂါးရဲ့ရွေးချယ်ခံ အင်မော်တယ်လမ်းစဉ်ကျင့်ကြံသူသည် အဆိပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သားရဲများကို စေခိုင်းအမိန့်ပေးတဲ့နေရာတွင် ပါရမီရှိသူဖြစ်တယ်။
------------

ဒုတိယနဂါးသားတော်

Xue Gaoကို အေးစက်ကာမာကြောတဲ့သလင်းကျောက်လိုကြေးခွံများဖြင့် ဖွဲ့စည်းထားပြီး ကြည်လင်ကာတောက်ပနေတဲ့အတောင်ပံကြီးတွေ၊ရှည်လျားပြီး မာကြောသန်မာထက်မြက်တဲ့လက်သည်းကြီးများ၊တစ်ချက်ယိမ်းလောက်တိုင်း ကမ္ဘာငယ်တစ်ကမ္ဘာပျက်စီးစေလောက်တဲ့အထိ သန်မာလွန်းတဲ့အမြှီးများ၊လော့လဲနီးတူ ခိုင်ခံ့သန်မာသည့်ဦးချိုကြီးတွေနဲ့ ဖွဲ့စည်းထားတယ်။

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now