Chpater - 50

11.1K 1.4K 71
                                    

Zawgyi

ပြသာနာအရှုပ်အရှင်းကင်းစွာဖြင့် တစ်လကြာမြင့်ခဲ့ပြီးနောက်မှာ ဝမ်ဖေးရန်ဟာ ချီစွမ်းအင် ဒီချူံးအဆင့်အလွှာနှစ်သို့ ရောက်လာတော့သည်၊တစ်ကယ်ကို ကြောက်စရာကောင်းသည့်အမြန်နှုန်းပင်၊

ရှလုန်ရွိန်အတွက်လိုအပ်သည့်ပစ္စည်းများကိုတော့ ခရီးထွက်ရင်း ရှာဖွေရန်သာ ဆုံးဖြတ်ချက်ချလိုက်ရတော့သည်၊ဆုံးဖြတ်ချက်ချလို့လည်းမရဘူးလေ ပါဝင်ပစ္စည်းတွေက တကယ့်ကို ရှားပါးလွန်းသည်မလား၊သူရဲ့ယွီ့ချင်ကုန်းမှာတောင်မရှိသည့်အရာတွေကိုး၊ ဒါပေမယ့် ရှလုန်ရွိန်ရဲ့သိုင်းအဆင့်အရှိန်အဝါကတော့ ဒီချုံးအဆင့် အလွှာကိုးကို ရောက်နေပြီဖြစ်သည်၊

လော့ကောကောဟာလည်း ပြောသည့်အတိုင်း တစ်လပြည့်သည်နှင့် ရောက်လာတော့သည်၊ဒါပေမယ့် တစ်ယောက်ထဲရောက်လာသည်ကိုမြင်တော့ ဝမ်ဖေးရန်အံ့အားသင့်မိတာအမှန်ပေ၊လော့ကောကောက မင်အင်ပါယာရဲ့အိမ်ရှေ့စံမင်းသားတစ်ယောက်ကိုး၊ အနည်းဆုံးတော့ ထျန်းကျီအဆင့်အစောင့်အရှောက်တွေကို ကာကွယ်ဖို့ထည့်ပေးသင့်သည်မလား၊

လော့ကောကောက ထိုကိစ္စကိုရှင်းပြခဲ့သည်၊ မင်အင်ပါယာမှာ ထျန်းကျီသိုင်းပညာရှင်ထဲမှာ သူဟာ ထိပ်တန်းပါရမီရှင်ဖြစ်ပြီး သူ့ကို နိုင်အောင်တိုက်ခိုက်နိုင်တဲ့သူမရှိတာကြောင့် သူနဲ့အတူ လိုက်လာခဲ့ရင်လည်း သူတို့(မင်ထျန်းလော့)အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်မည့်အကြောင်းကိုပေါ့၊လော့ကောကောပြောတာ မှန်ကန်တာကြောင့် သူလည်း ထူးထူးခြားခြား သိပ်မတွေးတော့ပေ၊

သူဟာ လော့ကောကော ဒီချုံးအဆင့်ကနေ ထျန်းကျီအဆင့်ကို ဘယ်လိုရောက်သွားကြောင်းကို မေးမြန်းဖို့တော့ တစ်ကယ်မေ့လျော့သွားတာ အမှန်ပဲ၊

နောက်တစ်နေ့ရောက်တော့ ဝမ်ဖေးရန် သူ့မိခင်ကို အိမ်တော်ရဲ့ဝင်္ကပါတံဆိပ်ပြားပေးကာ သူ့မိခင်ရဲ့ သြဝါဒချွေသမျှကို သုံးနာရီလောက်နားထောင်ပြီးနောက် သူတို့ထျန့်လျန့်နယ်မြေကနေ ထွက်ခွာလာကြတော့သည်၊

ထျန့်လျန့်နယ်မြေရဲ့ နယ်မြေအစွန်အပိုင်းဟာ တောင်ပိုင်းမြေရိုင်းဒေသရဲ့အစွန်းအပိုင်းဖြစ်သည်၊ ဒါကြောင့် ထိုနယ်မြေကို ကူးဖြတ်ရန် သူတို့ခရီးတွင်တော့သည်၊ဝမ်ဖေးရန်ရဲ့ဆန္ဒတစ်ခုလည်းပြည့်ဝခဲ့သည်၊ မင်အင်ပါယာဟာ ထိုနယ်မြေအစွန်းကို ပို့ဆောင်ရန်အတွက် သူတို့ကို ယန္တရားများဖြင့် ဖန်တီးထားသည့် သင်္ဘောပျံကြီးဖြင့် လိုက်လံပို့ဆောင်ပေးတော့သည်၊လေပေါ်မှာသာ သဘောင်္ရဲ့အရှိန်ဟာ နှေးသည့်ဟု ဝမ်ဖေးရန်ထင်မြင်မိသော်လည်း သူတို့ဟာ ထိုနယ်မြေအစွန်းအဖျားကို သုံးရက်နဲ့ရောက်ရှိလာတော့သည်၊မြေပြင်ပေါ်ခရီးနှင်သွားမယ်ဆိုရင် ခြောက်လလောက်ကြာလောက်ပေမယ့် သုံးရက်ခရီးနဲ့ရောက်ရှိလာတော့သည်၊ဒီလောကဟာ သူတို့ကမ္ဘာလိုပင် လမ်းခရီးဆက်သွယ်ရေးမှာ ကြယ်ငါးလုံးအဆင့်ပင်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now