Chapter -52

10.3K 1.4K 97
                                    

Zawgyi

"မိတ်ဆွေတို့ ကျွန်တော့်တို့ကို ဝင်ရောက်ကယ်တင်ပေးတဲ့အတွက် ကျေးဇုးဘယ်လိုတင်ရမလဲကို မသိတော့ဘူးဗျာ" လို့ ထိုအဖွဲ့ထဲက အသက်အနည်းငယ်ကြီးသည့်ယောကျာ်းတစ်ဦးဟာ ဝင်ရောက်ပြောဆိုလာသည့်ချိန်မှာတော့ မင်ထျန်းလော့ဟာ သူ့လက်ထဲမှာ ကိုင်ထားသည့်လူကို ပစ်ချလိုက်ရင်း

"ဒါ အသေးအမွှားပြသာနာတွေပါ..."လို့ ပြုံးကာ ပြောလိုက်တော့သည်၊

ဝတ်ရုံဖြူဝတ်ဆင်ထားသည့်လူငယ်လေးနဲ့ အပြာရောင်ဓားတစ်ချောင်းကို ခါးမှာချိတ်ထားသည့်အနက်ရောင်ဆံပင်တွေကို မြင့်မြင့်စီးနှောင်ထားသည့်ခန့်ညားသည့်လူငယ်တို့ဟာ ဝမ်ဖေးရန်တို့နား ရောက်လာတော့သည်၊

"ဟေး မင်းက အိုမီဂါမလား"

မေးလာတဲ့သူကတော့ ခါးမှာ ဓားချိတ်ဆွဲထားသည့်လူငယ်လေးဖြစ်ပြီး သူဟာ အထင်သေးစွာ မေးလိုက်ခြင်းမဟုတ်ဘဲ ရိုးရိုးသားသားမေးလိုက်ခြင်းဖြစ်ပေမယ့် ဝတ်ရုံဖြူခြုံထားသည့် လူငယ်လေးဟာ ခေါင်းတစ်ချက်ခါလိုက်ကာ ခြုံထားသည့် ခေါင်းခြုံလွှာကို ဖယ်လိုက်သည့်ချိန်မှာ နက်ပြာရောင်ဆံနွယ်ရှည်များ ပေါ်ပေါက်လာတော့သည်၊

ထိုရှည်လျားသည့် နက်ပြာရောင်ဆံနွယ်ရှည်များရယ် အပြာရောင်တစ်လဲ့လဲ့တောက်ပနေသည့်မျက်ဝန်းများ၊နှာတံချွန်ချွန်နဲ့ နီညိုရောင်နူတ်ခမ်းပါးတစ်စုံဟာ ထိုယောကျာ်းပျိုကို ပိုမိုချောမောအောင် ပြင်ဆင်ခြယ်သဖန်တီးထားသလိုပင်၊ ထိုလူရဲ့အနောက်မှာတော့ ကြီးမားသည့် သံချေးရောင် ဓားကြီးရှိနေပေမယ့် လေးလံပေါ်မပေါ်ပဲ သူတို့ကိုကာ ပြုံးကာ ကြည့်လာရင်း

"အစ်ကိုတို့ကို ဝင်ရောက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

" အစ်ကို့သူငယ်ချင်းရဲ့ရိုင်းစိုင်းပွင့်လင်းမှုကို မျက်ကွယ်ပြုပေးဖို့ အရှက်မရှိတောင်းဆိုပါရစေ... အစ်ကိုက ဝမ်လီဖန်းပါ သူက အစ်ကိုသူငယ်ချင်း ကျောက်ရန်ဟိုက်" လို့ ယဉ်ကျေးသိမ့်မွေ့စွာ ပြောနေသည့်လူကြောင့် ဝမ်ဖေးရန်ပင် ပုဝါခမောက်အောက်ကနေ အကြိမ်ကြိမ်ငေးမောနေမိတာအမှန်ပေ၊ဥမဆီကနေ နောက်ထပ်ဇာတ်လိုက်ဆိုတာကို မကြားခင်အထိပေါ့...၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now