Chapter - 21

14K 1.9K 66
                                    


Zawgyi

"ယွမ်ရှန့် ..."

ရီယွမ်ရှန့်ဟာ ယပ်တောင်ကို ခေါက်လိုက်ပြီး ဝမ်ဖေးရန်ရဲ့ ခေါင်းလေးကို ဖွဖွလေးခေါက်လိုက်ပြီး ပြုံးလိုက်သည်၊ဝမ်ဖေးရန်အရှေ့မှာ ပြုံးတဲ့အပြုံးဟာ နွေးထွေးကာ စိတ်ရင်းမှန်ပါတာကြောင့် ရှောင်ချင်းလင်ကို မနာလိုဖြစ်စေတာအမှန်ပေ၊ထိုယောကျာ်းဟာ သူလာလည်တဲ့အချိန်တိုင်း လက်ခံတွေ့ဆုံခြင်းမရှိသလို အမှတ်တမဲ့ဆုံတွေ့သလို လုပ်မိတိုင်းလည်း သူ့အပေါ်အေးစက်စွာ ဆက်ဆံမြဲပင်၊

'ဒီအမှိုက်ကောင် အစ်ကိုယွမ်ရှန့်ကို ပြုစားတာပဲနေမယ် ရွံစရာကောင်းလိုက်တာ!'

ရီယွမ်ရှန့်ဟာ ရှောင်ကလန်ဘက်ကို စိုက်ကြည့်လိုက်ပြီး ရီယွမ်ရှန့်ရဲ့အကြည့်တွေဟာ အေးစက်မှုများအပြင် သူတို့ကိုခြိမ်းခြောက်နေတဲ့ဖိအားများပါ ပါဝင်နေတာကြောင့်
ရှောင်ကလန်ကလူတွေ ကြောက်လန့်စွာ အကြည့်တွေရှောင်လွဲနေတော့သည်၊

ရှောင်ချင်းလင်ဟာ အကြီးအကဲတွေနောက်ကနေ ထွက်လိုက်ပြီး ရီယွမ်ရှန့်ကို ဂါဝရပြုလိုက်ပြီး လှပစွာပြုံးလိုက်ရင်း ရီယွမ်ရှန့်ကို ကြည့်လိုက်သည်၊ရှောင်ချင်းလင်ရဲ့မျက်လုံးများဟာ မျှော်လင့်ချက်များ၊လေးစားမှုများနဲ့ချစ်ရိပ်များပြည့်သိပ်နေတာကြောင့် သာမန်လူဆိုရင် ပျော်ဝင်သွားစေနိုင်သည်၊

"အစ်ကိုယွမ်...အကြီးအကဲယွမ်ရှန့် စိတ်လျော့ထားပါဗျ...ပြီးတော့ ဒါရှောင်ကလန်ရဲ့ကလန်အတွင်းရေးပြသာနာပါ" ပြောချင်တာက ရီယွမ်ရှန့်ကို ဝင်မပါသင့်ကြောင်းပေါ့၊ရီယွမ်ရှန့်ဟာ မျက်မှောင်ကြုတ်သွားပြီး ရှောင်ချင်းလင်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်၊

"ရန်အာက ငါရဲ့မိတ်ဆွေလေ၊သူရဲ့ကိစ္စမှန်သမျှက ငါနဲ့ဆိုင်တာပဲလေ" တစ်ကယ်ပိုင်စိုးပိုင်နင်းနိုင်မှုဟာ တစ်ခြားအိုမီဂါတွေကို မနာလိုဖြစ်စေတာ အမှန်ပေ၊

"ဟင်း...ဒီလိုဆိုတော့လည်း အကြီးအကဲယွမ်ရှန့်ဗွေမယူပါနဲ့... ညီငယ်ဝေ့ရန်က စေ့စပ်ထားတဲ့သူရှိရဲ့နဲ့ အခြားယောကျာ်းတစ်ယောက်ဆီက ပိုးပန်းလက်ဆောင်ယူနေတာကြောင့် ချင်းလင်တို့က စိုးရိမ်မိတာကြောင့်ပြောဆိုလိုက်ပေမယ့် ညီငယ်ဝေ့ရန်ရဲ့ညီက အကြီးအကဲယွမ်ရှန့်နဲ့ချင်းလင်ကို သမီးရည်းစားသဘောနဲ့ပြောနေတာကြောင့် ထိုမဟုတ်မမှန်ပြောဆိုတဲ့ညီကို ချင်းလင်က အစ်ကိုတစ်ယောက်အနေနဲ့ ဆုံးမပေမယ့် အန်းရှကောင်းကင်ဂိုဏ်းကိုအမည်တပ်ပြီး ချင်းလင်တို့ကို မဟုတ်မမှန်စွပ်စွဲနေတာပဲ အကြီးအကဲယွမ်ရှန့်"

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now