Chapter - 6

19.5K 2.7K 168
                                    


Zawgyi

Warning အနည်းငယ်ပါရှိသဖြင့် မကြိုက်ပါက မဖတ်ပါနဲ့
အရေးအသားမကောင်းရင်တောင်းပန်ပါသည်

ဝမ်ဖေးရန်ဟာ သူအိမ်သူယာဖြစ်တာကြောင့် တကိုယ်လုံး ချွတ်အိပ်လည်း ဒီရုပ်ဆိုးရှောင်ဝေ့ရန်ကို လာချောင်းမည့်သူ မရှိပေ၊ဒါကြောင့်နောက်ထပ်အပေါ်ထပ်ဝတ်ရန်မစဉ်းစားတော့ပဲ၊အင်္ကျီပါးလေးသာဝတ်ပြီး ကုတင်ပေါ်မှာ ထိုင်လိုက်ရုံပဲရှိသေးတယ် ဝုန်းခနဲ အသံဖြင့် လူတစ်ယာက်ဝင်လာတော့သည်၊

*ဝုန်း*

"မင်းသက်သာ..."

"ဘယ်သူလဲ!" သြရှရှအသံနဲ့ချိုသာတဲ့အသံလေးနှစ်သံဟာ တပြိုင်ထဲထွက်လာတော့သည်၊ ဒါပေမယ့် သြရှရှနဲ့အသံပိုင်ရှင်ကတော့ စကားကိုပြီးဆုံးအောင် မပြောနိုင်ခဲ့ချေ၊ဘာလို့လဲဆိုတော့ ကုတင်ပေါ်တွင် ဓားလေးထုတ်ကာ သူကိုကြောင်အအလေးကြည့်နေတဲ့သူကြောင့်ဖြစ်သည်၊အခုမှ ရေချိုးပြီးခါစနဲ့တူတယ် ရေစက်လေးများကြောင့် အဖြူရောင်နောက်ခံအင်္ကျီဟာ ကိုယ်နဲ့ကပ်နေကာ သေချာမဝတ်ဆင်ထားတာကြောင့် ဟနေတဲ့ရင်ဖက်ဖြူဖြူဖွေးဖွေးလေး၊ပြီးတော့ ကျောက်စိမ်းလိုဖြူဖွေးနူးညံ့ပုံရတဲ့ ခြေတံလေးတွေ၊အလှဆုံးက သူကို ကြည့်နေတဲ့မျက်ဝန်းပြာလေးတွေဖြစ်သည်၊ မျက်ဝန်းများဟာ ကြည်လင်တောက်ပနေပေမယ့် ရုတ်တရက်သူဝင်လာတာကြောင့် ကြောက်လန့်မှုအနည်းငယ်ကိုတွေ့ရပြီး နီရဲနေတဲ့နူတ်ခမ်းဖူးလေးဟာ တင်းတင်းစေ့ထားတာမြင်တော့ သူ့ကို စိတ်ရိုင်းများဝင်ရောက်စေတော့တယ်၊

"လူကြီးမင်း..." ဝမ်ဖေးရန်ဟာ ဓားကိုပြန်သိမ်းလိုက်ပြီး သူကို ငေးနေတဲ့ မင်လော့အား စိတ်မရှည်စွာအော်ခေါ်လိုက်သည်၊လူကအိပ်ချင်နေပြီကို ဒီလူက ဘာလာလုပ်တာလဲဟ

[System: အဲ့တာကြောင့် ပြောတာ၊ အမြဲအဝတ်အစားသေသေသပ်သပ်ဝတ်လို့] ဝမ်ဖေးရန်ဟာ သူကိုဆူဟောက်နေတဲ့ ဥမကို လျစ်လျူရှုလိုက်ပြီး မင်လော့နားသွားကာ

"လူကြီးမင်း!!" နောက်တစ်ကြိမ်အော်ခေါ်လိုက်တယ်၊

"ဟမ်...သြော်...မင်းက ရှောင်ဝေ့ရန်လား" မင်လော့ သူရဲ့မြင်းရိုင်းတစ်ဆကာင်လို ခုန်ပေါက်နေတဲ့ ရင်ကို ထိန်းလိုက်ကာ အရှေ့က အလှလေးကိုမေးလိုက်သည် အရပ်အမောင်း၊ပုံပန်းသဏ္ဍာန်ကိုကြည့်တာနဲ့ ရှောင်ဝေ့ရန်မှန်း သိပေမယ့် သူလာရင်းအကြောင်းကိုတောင် မေ့နေပြီဖြစ်သည်၊ဒါကြောင့် ပါးစပ်ထဲရှိတာမေးလိုက်ခြင်းဖြစ်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now