Chapter - 29

12.7K 2.1K 68
                                    

Zawgyi

ဝမ်ဖေးရန် ထိုပိုးတုံးလုံးအကောင်ပေါက်ဖြစ်တဲ့ကျားဧကရာဇ်ကို မချီလိုက်တော့ အမြှီးလေးတနှံ့နှံ့နဲ့ သူရဲ့လက်ပေါ်မှာနေကာ ကြီးမားသောမျက်လုံးဝိုင်းကြီးတွေဟာ သူ့ကိုကြည့်နေပြီး နှာခေါင်းလေးတရှုံ့ရှုံ့နဲ့ အနံ့ခံနေရင်း သဘောကျနှစ်သက်သွားသည့်ပုံစံဖြင့် သူရဲ့ရင်ဘက်အင်္ကျီအဝတ်အစားထဲ အတင်းတိုးဝင်သွားပြီး ခေါင်းလေးသာ ဖော်ထားပြီး မျက်လုံးမှေးကာ အိပ်စက်သွားတော့သည်၊

'....' အေးလေ ဖြည့်တွေးတာပေါ့၊ဒီကျားဧကရာဇ်လေးက အခုမှအကောင်ပေါက်လေးပဲရှိသေးတာလေ၊ ဝမ်ဖေးရန်ထိုနေရာတစ်ဝှိုက်ကို ဘာများရှိနိုင်သေးလည်း လိုက်လံကြည့်ရှုပြီး ဘာမှမရှိတာ သေချာသွားမှ ခုနက လာလမ်းအတိုင်း ပြန်သွားတော့သည်၊

ထိုနောက် ဥမရဲ့လမ်းညွှန်ပေးမှုအတိုင်း ပိုင်လီမြို့တော်ကို ပြန်ရောက်လာခဲ့တော့သည်၊ဒီတစ်ခါတော့ ချွင့်လွီချွမ်းလေလံရုံတည်ရှိရာကို ဥမအကူအညီဖြင့် တန်းတန်းမတ်မတ်သာ ရောက်လာတော့သည်၊

ရွှေရောင်များနဲ့ရေးထိုးသည့်ချွင့်လွီချွမ်းဆိုသည့် စာလုံးများဟာ အနက်ရောင်သစ်သားပြားပေါ်မှာ ထည်ဝါစွာတည်တံ့စွာရှိနေတော့သည်၊ လေလံရုံဟာလည်း တစ်ချက်ကြည့်ရုံနဲ့တော်ရုံလူရှိန်လောက်တဲ့အထိ ခန့်ညားတင့်တယ်စွာတည်ရှိနေပြီး လေလံရုံဂိတ်အဝတွေ ဒီချူံးအဆင့်အထက်သိုင်းသမားများဟာကို ဂိတ်စောင့်အဖြစ် ခန့်ထားရုံဖြင့် ဒီချွင့်လွီချွမ်းလေလံရုံက တော်ရုံလူသွားမထိရဲချင်ရအောင်ကို အင်အားကြီးလွန်းလှသည်၊

'ထားပါ ဒါငါ့ကိစ္စလည်း မဟုတ်ဘူး... အရေးကြီးတာက ငါငွေရှာဖို့ပဲ'လို့ တွေးတောလိုက်ရင်း လေလံရုံရှိ အရောင်းအဝယ်ဌာနဆီကိုသာ သွားတော့သည်၊ ထိုပစ္စည်းတွေက တန်ဖိုးကြီးမားတာကြောင့် အခြားလေလံရုံတွေမှာ သွားရောင်းရင် အန္တရာယ်ဖြစ်နိုင်ပေမယ့် ချွင့်လွီ့ချွမ်းလိုနေရာမျိုးကတာ့ ယုံကြည်စိတ်ချရသည်၊

အရောင်းဝန်ထမ်းဟာ အဝင်ဝတည်းက ထိုလှပတဲ့လူငယ်လေးဝင်လာသည်ကို သတိထားမိကာ အတောက်ပဆုံးပြုံးလိုက်ရင်း အနားရောက်လာကာ

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now