Chapter - 9

18.3K 2.5K 237
                                    


Zawgyi

"သောက်ကျိုးနဲ ဥမ"

သူရှေ့ရှိ ဖန်လုံးကို ကြည့်လိုက်တော့ အပြာရင့်ကနေ ခရမ်းနု၊ခရမ်းရင့်၊တဖြေးဖြေးအရောင်ရင့်ပြီး အနက်ရောက်ဖြစ်နေပြီ ဖြစ်တာကြောင့် ဖန်လုံးပေါ်ကနေ လက်ကို ဖယ်လိုက်ပြီး သူရဲ့Systemကိုအော်မေးလိုက်တယ်၊

'ဥမ ရှင်းပြစမ်း!!'

[System:နည်းနည်းလွဲသွားပုံရတယ်၊... ပြီးတော့ နင်ဆီပို့လိုက်တဲ့ ဖုံးကွယ်တဲ့ပစ္စည်းက ပစ္စည်းမှားပို့တာ]

'သောက်ကျိုးနဲ ... အခု သေပြီ သိပြီလား'

[System: ဘာသေရမှာလဲ... နဂါးသိုင်းဝိညာဉ်ရတာ ကျေးဇူးတင်လိုက်လေ၊ဇာတ်လိုက်တွေကလွဲပြီး ဘယ်သူမှ ရနိုင်တာမဟုတ်ဘူး ပြီးတော့ နင်ဆီမှားပို့လိုက်တဲ့ ပစ္စည်းက သိုလှောင်ဆွဲကြိုးပဲ အဲ့ထဲမှာ အိမ်ကြီးဆယ်အိမ်စာလောက်ထည့်ထားလို့ရတယ်...ရှင်းရှင်းပြောရရင် ကမ္ဘာငယ်လေးတစ်ခုလိုပဲ...Pointsအများကြီးပေးရတာနော်... ကိုဖိုးကံကောင်းရဲ့]

'ဟုတ်လား... နေဦး လွဲသွားတယ်ဆိုတော့... ငါရဲ့ ကုသရေးသိုင်းဝိညာဉ်ကကော....'

[System: တစ်ယောက်ယောက်ဆီမှာ နေမှာပေါ့]

'ကောင်းရော မင်း ဘာကိုအတိအကျသိလဲဟမ်'

[System:ဝေ့ရန်ဆိုတဲ့ သူတောင်းစားအဖိုးကြီးပဲသိတယ်]

ဒီဥမကို တိုင်တန်းလို့မရဘူးလား!!!

[System:နင်စိတ်မပူဘူးလား အဲ့သိုင်းဝိညာဉ်ပိုင်ရှင်က မင်းရဲ့ရန်သူဖြစ်လာနိုင်တယ်]

'မပူဘူး ငါက အဓိကဇာတ်ကောင်လေ... သူဘာသာ ဘာကြီးပဲဖြစ်နေဖြစ်နေ နောက်ဆုံး မင်းရှာပေးထားတဲ့အနောက်ဆောင်က Gongတွေက ငါ့အစား တာဝန်ယူလိမ့်မယ်... အေးဆေး အေးဆေး...Shouဆိုတာ အစောင့်အရှောက်ခံလူတန်းစား... ကောင်းလိုက်တာ '

[System: ....အေးပါ... အေးပါ အစား ကုန်အောင်စား၊စကားကုန်အောင် မပြောနဲ့တဲ့ စောင့်ကြည့်ရတာပေါ့]

ဝမ်ဖေးရန်ကတော့ ဥမနဲ့စကားပြောကောင်းပြီး၊စင်ပေါ်မှာ မတ်တပ်ရပ်နေရင်း သူကို ဝိုင်းကြည့်နေတာတောင် စိတ်မဝင်းစားပဲ ဥမကို မသိတာတွေ မေးနေတုန်းပေ၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now