Chapter - 4

19.6K 2.7K 98
                                    


Zawgyi

ခန်းမဆောင်ထဲက ရယ်မောသံတွေကြောင့် ရှောင်ဝေ့ရန် မျက်မှောင်တစ်ချက်ကြုတ်သွားပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်၊ကံကောင်းတာက သူက မျက်နှာဖုံးအုပ်ထားတာကြောင့် သူ့အမူအရာကို ဘယ်သူမှသိမည်မဟုတ်ပေ၊

အိမ်ရှေ့စံမင်းသားကို ရှောင်ကလန်ရဲ့ပထမသခင်မလေးရှောင်ဟွာမေ့က အပြုံးလေးဖြင့် ဧည့်ခံနေပြီး သူနဲ့လက်ထပ်မယ်ဆိုသည့်မင်းသား(၅)ဆိုတဲ့တစ်ယောက်ကိုတော့ ရှောင်ချင်းလင်ဟာ ဧည့်ခံနေသည်၊

သေချာတာတစ်ခုကတော့ အကုန်လုံးဟာ သူကို လျစ်လျူရှုထားတယ်၊ဒါပေမယ့် သူ ဝမ်းနည်းမှု တစ်စိုးတစ်စတောင် မခံစားရပေ၊သူအခုသိချင်တာက သူဘယ်နေရာမှာ ထိုင်ရမလဲဆိုတာကိုပေါ့၊စဉ်းစားနေတုန်း တစ်စုံတစ်ယောက်ဟာ သူလက်ကိုဆွဲလိုက်ပြီး ခုံတစ်ခုံမှာ ထိုင်ခိုင်းလိုက်သည်၊သူရဲ့ဝမ်းကွဲအစ်ကိုရှောင်ရန်ဟောက်ဖြစ်တယ်၊

ရှောင်ရန်ဟောက်လုပ်ရပ်ကြောင့် အကုန်လုံးဟာ အံ့သြသွားကျပြီး ရှောင်ဝေ့ရန်ဝင်ထိုင်တာကိုမြင်တော့ မနှစ်မြို့တဲ့မျက်နှာတွေဖြစ်သွားကြတယ်၊ဒါပေမယ့် ရှောင်သခင်ကြီးတောင် ဘာမှမပြောတာလေ၊ဒါကြောင့် သူတို့မကျေနပ်မှုတွေကို မြိုချလိုက်ပြီး၊ မသိချင်ယောင်ဆောင်နေလိုက်တော့တယ်၊၊အခုပိုစိတ်ဝင်စားစရာကောင်းတာက အစားစားဖို့အတွက် ရှောင်ဝေ့ရန် ဘယ်လိုလုပ်မလဲဆိုတာကိုပေါ့၊

ရှောင်ရန်ဟောက်ဟာ ရှောင်ဝေ့ရန်ကို မြတ်နိုးစွာကြည့်နေပြီး ကျောက်စိမ်းဖြူနဲ့ပြုလုပ်ထားတဲ့ရေနွေးခွက်ကို ရှောင်ဝေ့ရန်အရှေ့ကို ချပေးလိုက်သည်၊ထိုနောက် ကြာပန်းစိမ်ထားတဲ့ရေနွေးကြမ်းကို ကျောက်စိမ်းခွက်ထဲ ငှဲ့ပေးလိုက်တယ်

"ရန်အာ... ဒီရေနွေးကြမ်းလေးသောက်ကြည့်လိုက်"

ဝမ်ဖေးရန် ရေနွေးကြမ်းသောက်သုံးရသည်ကို မကြိုက်နှစ်သော်လည်း များစွာသောမျက်လုံးများအောက်မှာ သူဟာ ရှောင်ရန်ဟောက်ကမ်းပေးလာသည့်ခွက်ကို ယူလိုက်တယ်၊

ရှောင်ဝေ့ရန်ဟာ မျက်နှာဖုံးဆီကို လက်လှမ်းလိုက်ချိန်မှာ အကုန်လုံးဟာ လုပ်လက်စကို ရပ်ကာ မသိမသာအကဲခတ်နေတော့သည်၊ဒါပေါ့ ၆နှစ်အရွယ်ထဲက မမြင်ဖူးတဲ့လူတစ်ယောက်ရဲ့ရုပ်က ဘယ်လောက်ပဲ ကြည့်ရဆိုးဆိုး သူတို့မစပ်စုပဲ မနေနိုင်ချေ၊တချို့ကတော့ ဟားတိုက်ရယ်ကာ လှောင်ပြောဖို့စကားလုံးတောင် စဉ်းစားနေပြီဖြစ်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now