Chapter -46

10.9K 1.6K 58
                                    

Zawgyi

ချင်အင်ပါယာကလူတွေ ပြန်သွားပြီးနောက် ရှောင်သခင်ကြီးဟာ ဝမ်ဖေးရန်ဘက်ကို ဒေါသတကြီးလှည့်လာကာ

"မင်း ဘယ်လိုဆက်ဆံလိုက်တာလဲ!ချင်အင်ပါယာရဲ့တော်ဝင်မျိုးနွယ်က ဒီကိစ္စအပေါ် အငြိုးထားပြီး ရှောင်ကလန်ကို ဒုက္ခပေးလာရင် မင်းတာဝန်ယူနိုင်လား! ပြီးတော့ ဘယ်လိုမိုက်မဲမှုကြောင့် ချင်အင်ပါယာရဲ့အချစ်ဆုံးသားကို သတ်ရဲတာလဲ!မင်းက ရှောင်ကလန်အတွက် ဂြိုလ်ဆိုးပဲ ရှောင်ဝေ့ရန်! "လို့် ဒေါသတကြီးအော်ဟစ်ကာပြောဆိုနေသည့်ရှောင်သခင်ကြီးကို ထန်မေ့ရှင်းဟာ မုန်းတီးစွာ စိုက်ကြည့်ကာ

"ရှင့်မှာ ကျွန်မသားအပေါ် ဝေဖန်ပိုင်းခြားပိုင်ခွင့်မရှိဘူး ရှောင်ထန်ဟေး!!" လို့ ဝင်ရောက် ပြောဆိုလာတာကြောင့် တချို့အကြီးအကဲတွေလည်း အံ့အားသင့်ကုန်ကြသည်၊ ထန်မေ့ရှင်းဟာ ထန်နိုင်ငံမပြိုကွဲခင်က မောက်မာကာဒေါသကြီးတတ်ပေမယ့် ထန်နိုင်ငံပြိုကွဲပြီးနောက် ရိုကျိုးကာ အကုန်လုံးနဲ့ကင်းကင်းရှင်းရှင်းနေတတ်သည်၊သူမဟာ သူမအသက်ရှင်ဖို့ဆိုရင် သူမသားအရင်းကိုတောင် နင်းချရဲသည့်လူမျိုးဖြစ်သည်၊ယခုလို ရှောင်သခင်ကြီးရဲ့နာမည်ကို တပ်ခေါ်ရုံမကဘူး ပြန်လည်ခွန်းတုံ့လာတာကြောင့် ရှောင်သခင်ကြီးအပါအဝင် အခြားသူတွေဟာလည်း ထန်မေ့ရှင်းအပေါ် စိုက်ကြည့်လာကာ

"ထန်မေ့ရှင်း မင်းရဲ့သားတွေ ကြီးထွားလာတော့ မင်းကခေါင်းပြန်ထောင်လာပြီပေါ့" အကြီးအကဲတစ်ယောက်က အထင်သေးစွာဝင်ရောက်ပြောဆိုလာတော့ ထန်မေ့ရှင်းဟာ ထိုအကြီးအကဲကို ပြန်ကြည့်လိုက်သည်၊

သူမဟာ အရင်က တော်ဝင်မင်းသမီးဖြစ်သည်နှင့်အညီ မောက်မာစွာနေထိုင်ခဲ့သည်၊ဝမ်အန်းချန်ဆိုသည့်အမျိုးသားပေါ်လာပြီးနောက်မှာ သူမဟာ သာမန်မိန်းမပျိုလေးလို သိမ်သိမ်မွေ့မွေ့နေထိုင်ခဲ့သည်၊ဒါပေမယ့် ထန်နိုင်ငံပျက်စီးပြီးနောက်မှာ သူမဟာ ရှောင်ထန်ဟေးရဲ့ကိုယ်လုပ်တော်အဖြင့် တော်ကောက်ခံခဲ့ရသည်၊ချင်နိုင်ငံမှာ နောက်ခံမရှိ၊ကာကွယ်သူမရှိတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ အခြားသူတွေရဲ့အနိုင်ကျင့်ခံရမည့်လက်က လွတ်အောင် အနေထိုင်ဆင်ခြင်ခဲ့ရသည်၊သူမဟာ ဝမ်အန်းချန်သည် သူမကိုလာခေါ်မည့်အချိန်ကိုစောင့်မျှော်နေခဲ့ပေမယ့် ဘာအကြောင်းမှမကြားခဲ့တော့ပေ၊သူမစိတ်ဓာတ်ကျကာ ရှင်သန်ချင်စိတ်ပျောက်ဆုံးနေသည့်ချိန်မှာ သူမတို့ ကလေးလေးဟာ သူမဗိုက်ထဲရောက်နေခဲ့သည်၊ အခု သူမတို့ ကလေးလေးကို အစွမ်းကုန်ကာကွယ်ပေးရမည်!

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now