Chapter- 23

13.4K 2.1K 51
                                    

Zawgyi

စကားပြောဆိုကာ အချိန်တစ်အောင့်ကြာတော့ ရှောင်ဝေ့ရန်ရဲ့မျက်နှာအမူအရာ ပျက်ယွင်းလာပြီး နားထင်ကနေ ချွေးများဆို့လာကာ ခန္ဓာကိုယ်သည်လည်း အနည်းငယ်ယိုင်လာသည်ကို ရှောင်ချင်းလင်သတိထားမိလိုက်တော့ ကျေနပ်သွားသလိုပြုံးလိုက်ပြီးနောက်မှာ ပူပန်နေတဲ့အစ်ကိုကြီးတစ်ယောက်လို ချက်ချင်းပြုမူကာ မေးလိုက်သည်၊

"အိုး... ညီလေးဝေ့ရန်ကြည့်ရတာ အဆင်မပြေဘူးနဲ့တူတယ် မျက်နှာတောင်ဖြူဖျော့လာပြီ"

"အစေခံရှောင်မု မင်းသခင်လေးကို သူ့အဆောင်ကို ပြန်ပို့လိုက်တော့" လို့ ရှောင်ချင်းလင်က အမိန့်ပေးလိုက်တော့ ရှောင်ဝေ့ရန်ဟာ အားနာသည့်မျက်နှာလေးဖြင့် ရှောင်ချင်းလင်ဘက်ကို ကြည့်ကာ ပြောလိုက်သည်၊

"အစ်ကိုသုံး ကျွန်တော်အဆင်ပြေပါတယ်... မဟုတ်ရင် စေ့စပ်ပွဲ ကိစ္စကြောင့် မင်းသားချင်အိုရန်ကို... " စိုးရိမ်နေသည့်အသံဖြင့်ပြောလာချိန်မှာ ရှောင်ချင်းလင်တစ်ယောက် ရှောင်ဝေ့ရန်ရဲ့အသံချိုကို မနာလိုလွန်းလို့ရူးမတက်ပေ၊ဒါပေမယ့် သူဟာ ပြုံးကာ လက်ခါလိုက်ပြီး

"အစ်ကိုအိုရန်ဘက်က ညီလေးဝေ့ရန်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောစေရဘူး အစ်ကို့တာဝန်ထားလိုက်... သွား... သွား အေးဆေးအနားယူ "လို့ ပြောလိုက်ပြီး ရှောင်မုကို မင်းသခင်လေးကို သေချာခေါ်သွားလို့ မှာတမ်းချွေကာ အမြန်လွှတ်လိုက်သည်၊

ရှောင်ချင်းလင်ဟာ သူ့စိတ်ထဲတွင် သူရဲ့အကြံအစည်ကိုသာ တွေးတောနေတာကြောင့် ဘေးပတ်ဝန်းကျင်က လူငယ်တွေ ကြည့်သွားတဲ့အကြည့်တွေကို သတိမထားမိချေ၊ ထိုနောက် အကျိုးအကြောင်းကို သူဖခင်အား ရှင်းပြရင်း စောစောအနားယူမည့်အကြောင်းပြောရင်း လူသူမရှိတဲ့ အမှောင်ရိပ်နားထွက်လာကတော့သည်၊

"ထွက်လာလို့ရပြီ... "

ခေါင်းအစ၊ခြေအဆုံး အမဲရောင်အဝတ်တွေဝတ်ထားသည့်လူသုံးယောက်ဟာ ထွက်လာပြီး ရှောင်းချင်လင်းကို ဂါဝရပြုကာ ရှောင်ဝေ့ရန်နေထိုင်ရာ အိမ်ဆောင်ဘက်ကို ထွက်သွားကျတော့သည်၊ ရှောင်ချင်းလင်ဟာ ပြုံးရွှင်ရင်း ထွက်သွားမည်အလုပ် အနောက်ကနေ ဂုတ်ကိုအရိုက်ခံလိုက်ရပြီး မြေပြင်ပေါ် လဲကျသွားတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now