Chapter - 30

13.2K 2.1K 113
                                    

Zawgyi

"ကျွန်တော့်လို ရွယ်ဆွေ့ဓားကို ပိုင်ဆိုင်ထားတဲ့သူက အဲ့လို အလှပြဓားမျိုးကို မက်မောမယ်ထင်နေတာလား"လို့ ဝမ်ဖေးရန်ဟာ ပြောလိုက်ပြီး မြပြာရောင်သန်းနေပြီး လေးပေလောက်ရှည်သည့် ရိုးရှင်းစွာဖွဲ့စည်းထားသည့် ဓားရှည်တစ်ချောင်းကိုထုတ်လိုက်တော့သည်၊ ထိုဓားဟာ ချင်ဟွာချန် လက်ထဲရှိဓားနဲ့ယှဉ်ရင် တစ်ကယ်ကို ချင်ဟွာချန်ရဲ့ဓားဟာ အပေါစားလက်နက်လိုဖြစ်သွားတော့သည်၊

ရွယ်ဆွေဓား၊ နတ်ဘုရားအဆင့်ရှိတဲ့ သက်တံ့ရောင်ဖီးနစ်ငှက်ကနေ ပိုင်းထွက်လာတဲ့ လက်နက်(၁၂)မျိုးထဲက လက်နက်တစ်မျိုးလေ၊ နတ်ဘုရားလက်နက်တွေက သူတို့လို ချွင့်လွီ့ချွမ်းမှာတောင် သူအပါအဝင်ကိုင်ဆောင်နိုင်တဲ့သူက အကြီးအကဲ(15)ယောက်တောင် ရှိတာကိုး၊ ပြီးတော့ ဒီရွယ်ဆွေဓားဟာ ခန်းမဆောင်သခင်လေးရဲ့ပိုင်ဆိုင်မှုဖြစ်ရဲ့နဲ့ ရှောင်ဝေ့ရန်လို့ ခေါ်သည့်သခင်လေးဆီ ရောက်နေပုံအရဆိုရင် ခန်းမဆောင်သခင်လေးနဲ့ဒီသခင်လေးက တစ်ခုခုပတ်သတ်ပုံရသည်၊ ဒါကြောင့် အကိုရန်ဟာ ချက်ချင်း အမူအရာပြောင်းသွားကာ

"သခင်လေးရှောင်ဝေ့ရန်က ခန်းမဆောင်သခင်ရဲ့မိတ်ဆွေလားမသိဘူးဗျ"လို့ တလေးတစားမေးလိုက်တော့ ဝမ်ဖေးရန်ဟာ ချက်ချင်းအမူအရာပြောင်းသွားသည့် ထိုအကိုရန်ဆိုသည့် လူကိုကြည့်လိုက်သည်၊

'ဒီကမ္ဘာကလူတွေက ငါ့လာခဲ့တဲ့နေရာမှာ သရုပ်ဆောင်လုပ်ရင် တော်တော်အောင်မြင်ကြမှာ...ကြည့်အုံး ခုနကတော့ ငါ့ကိုအထင်သေးသလိုကြည့်နေခဲ့ပြီး...'လို့ ဝမ်ဖေးရန်ဟာ မကျေမနပ်ပြောလိုက်တော့ Systemဟာ အားတက်စွာပြောပေးလာသည်

[System: နင့်ကိုက ညံ့နေတာ ၊ သာမန်ဇာတ်ကောင်တွေလောက်တောင် သရုပ်မဆောင်တတ်တဲ့အပြင် အားနေရှိသမျှ အကုန်ထုတ်ကြွားနေလိုက်... အသတ်ခံနေရမယ်] ဥမဟာ သူရဲ့တုံးအလွန်းသည့် Hostကို ညည်းညူအပြစ်တင်ကာ ပြောလိုက်ပေမယ့် ထိုHostဆိုတဲ့ သောက်ပိန်းဟာ...

'အသတ်မခံရပါဘူး ငါက Shouလေး ငါ့ကိုစောင့်ရှောက်ပေးမဲ့ Gongတွေရှိတယ် အေးဆေးဘဲ'လို့ ပြန်ပြောလိုက်တာကြောင့် ဥမမှာ သွေးအန်မတက်ဖြစ်သွားတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now