Chapter - 10

19.1K 2.4K 64
                                    


Zawgyi

ဒီရက်ပိုင်း ဝမ်ဖေးရန်ဟာ စိတ်အနှောင့်အယှက်ဖြစ်နေတော့တယ်၊ရှောင်သခင်ကြီးဟာ တရားဝင်သားသမီးများနေထိုင်ရာခြံဝန်းတွင် သူကိုနေရာချပေးလာတဲ့အပြင် ရွှေပေါ်မြတင်ထားသလို အလွန်ကိုဂရုစိုက်ပြနေသေးတယ်၊တကယ် စိတ်အနှောင့်ယှက်ဖြစ်လွန်းတယ်။

ပြီးတော့ မင်လော့ထွက်သွားတာကလည်း နှစ်ရက်လောက်ရှိပြီ၊ အရေးကြီးကိစ္စကြောင့် သွားမှန်းသိသဖြင့် ဝမ်ဖေးရန် မစပ်စုပေ၊နောက်ထပ်ပြသာနာက မင်းသား(၅)ဆိုတဲ့ချင်အိုရန်ဟာ သူဆီ ခဏခဏလာလည်ပြီး လက်ဆောင်များပင်ပါလာတတ်သေးသည်၊အရင်တုန်းကဆို အဖက်တောင်မလုပ်တဲ့ကောင်က သူရဲ့သိုင်းဝိညာဉ်ထွက်ပေါ်လာပြီးနောက် အချိုးက တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားခဲ့တယ်။ဝမ်ဖေးရန်မကျေမနပ်စိတ်ထဲကနေ ပြောဆိုလိုက်ပေမယ့် အပြင်ပန်းကတော့ ခေါင်းညိမ့်ကာ မင်းသား(၅)ပေးတဲ့ ထပ်ဖျားတွေရွှေရောင်များကွပ်ထားပြီး ချယ်ရီပန်းပုံနဲ့ဆံထိုးအား ယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။

"မင်းသား(၅)ရဲ့လက်ဆောင်ပစ္စည်းအတွက် ကျေးဇူးပါဗျ"

"ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်တာ နောက်လင်မယားတော်တော့မှာပဲလေ" သူရဲ့ခန္ဓာကိုယ်ကို တပ်မက်စွာကြည့်ပြီး ပြောနေတဲ့ချင်အိုရန်ရဲ့မျက်နှာကို ပိတ်ကန်ချင်စိတ်ပေါက်သွားပေမယ့် မတတ်နိုင်စွာ ခပ်တိုးတိုးရယ်လိုက်ကာဟခေါင်းငုံ့လိုက်တယ်။

သူသည်းခံနေတာလည်း အကြောင်းရှိတယ်၊ချင်အိုရန်ဟာ မင်အင်ပါယာက ကျောင်းကြီးသုံးကျောင်းထဲက တစ်ကျောင်းဖြစ်တဲ့ ခရမ်းရောင်နေကိုးစင်းကျောင်းတော်မှာ ပညာသင်ဖြစ်တာကြောင့် အပြင်လောကအကြောင်းကို တော်တော်များသိတယ်လေ၊ဒါအပြင် သူကိုလည်း ကြွားဝါစိတ်ဖြင့် ခဏခဏပြောပြလာတယ်၊

'မြစ်ဝါလေးက စီးဆင်းနေသည်'ဆိုတဲ့ သူရေးတဲ့ဇာတ်လမ်းထဲမှာ ထိုအကြောင်းတွေမပါတာကြောင့် ချင်အိုရန်ပြောသမျှ အောင့်အီးနားထောင်နေရတယ်။ဥမပြောတာတော့ ဇာတ်လမ်းကိုအနည်းငယ်ပြောင်းရုံပဲတဲ့ အခုတော့ ရှောင်ဝေ့ရန်ဆိုတဲ့နာမည်ကလွဲ၍ အကုန်လုံးများပြောင်းထားလား၊အောက်မေ့ရသည်၊တကယ်ပင် သူတစ်ခုမှ မသိတာ အမှန်ပေ၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now